Tuesday, January 26, 2016

တစ်ကိုယ်တည်းဘဝနဲ့ အရိုးထုတ်ရမယ့် လက္ခဏာရပ် (၅) ရပ်


                              

လူအများစုကတော့ ကိုယ်နဲ့ စိတ်တူကိုယ်တူ ဘဝကြင်ဖော်လေးနဲ့ တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာပါပဲ။ တစ်ခါတလေမှာ ကိုယ်က သေချာရွေးချယ်နေလို့ ချစ်သူရဖို့ ကြာတတ်ကြပေမယ့် တစ်ဘဝလုံး ဒီလိုနေရမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါ အချက်တွေထဲက အချက် တော်တော်များများနဲ့ ကိုက်ညီနေပြီ ဆိုရင်တော့ ပြုပြင်ဖို့ ကြိုးစားပါ။ မဟုတ်ရင်တော့ သေချာပါပြီ။ ဘဝခရီးရှည်ကြီးကို တစ်ယောက်တည်း ခရီးဆက်ရပါတော့မယ်။

၁။ စံနှုန်းမြင့်လွန်းခြင်း

လက်တွဲဖော်အတွက် ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေဟာ လူတစ်သန်းမှာ တစ်ယောက်ပဲ ရှိနေပြီဆိုရင်တော့ ဒီတစ်သက် ရည်းစားရဖို့ ဝေးပါပြီ။

၂။ အိမ်တွင်းပုန်းခြင်း

ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ အချိန်ပြည့် အိမ်တွင်းပဲအောင်းနေရင်တော့ ချစ်သူ ဘယ်လိုလုပ် တွေ့နိုင်တော့မှာလဲ။

၃။ လူသစ်တွေနဲ့ မရင်းနှီးလိုခြင်း

ရင်းနှီးလွယ်မှုမရှိတဲ့အတွက် အပေါင်းအသင်းအသစ်မရသလို လက်တွဲဖော်လည်း မတွေ့နိုင်တော့။
၄။ နှမြောတွန့်တိုခြင်း

ကိုယ်ပိုင်ဆိုင်သမျှ ဘယ်သူနဲ့မှ မျှဝေလိုစိတ်မရှိသလို အိပ်ရာကိုလည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရမှဆိုတဲ့သူတွေကတော့ လက်တွဲဖော်ရှာဖို့ အတော်တွန့်ဆုတ်တတ်ကြပါတယ်။

၅။ အချစ်ဟောင်းကို မမေ့နိုင်ခြင်း

အတိတ်မှာပဲ အမြဲနေရင်တော့ သင့်အတွက် အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။

Source : bolde
Original link is here