မြန်မာနိုင်ငံကို ၂၀၁၄ထဲမှာဝင်ရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေက အလွန်ကိုများပြားလာခဲ့ပါတယ်။မြန်မာ
နိုင်ငံသူနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများလာတဲ့အတွက်အလွန်ပဲဝမ်းမြောက်မိပါ
တယ်။ ဒါပေမယ့်မြင်တွေ့နေရတဲ့ အခက်အခဲတစ်ခုကတော့ နိုင်ငံခြားသား(Foreigners) များရဲ့အလုပ်လုပ်ပုံနဲ့
မြန်မာတို့ရဲ့အလုပ်လုပ်ပုံကွာခြားခြင်းဆိုတဲ့ပြသနာပါပဲ။ မြန်မာတွေကလည်း ဒီကောင်တွေနဲ့အလုပ်လုပ်ရတာ
အရမ်းအာရုံနောက်တယ်၊ ရစ်တယ်တို့ပြောတတ်သလို၊သူတို့ရဲ့မျက်လုံးထဲမှာလည်း ကျွန်တော်တို့တွေကို
အထင်သေးတဲ့အကြည့်တွေကို မြင်ရတတ်ပါတယ်။
ဒါကြောင့် သူတို့နဲ့ဆက်ဆံတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကို ကျွန်တော့်အတွေ့အကြုံပေါ်မူတည်ပြီးအနည်း
ငယ်ဝေမျှချင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ အနောက်နိုင်ငံသားတွေဖြစ်တဲ့အမေရိကန်၊ ဂျာမနီ၊
နယ်သာလန်စတဲ့သူမျိုးတွေရဲ့အလုပ်လုပ်ပုံပေါ်မူတည်ပြီးပြောပြသွားမှာပါ။တရုတ်တွေနဲ့တော့အလုပ်တွဲ
မလုပ်ဖူးပါ၍ ဒီဆောင်းပါးမှာအနောက်နိုင်ငံသားများနှင့်ဆက်ဆံရေးကိုသာအဓိကထားပြီးပြောသွားမှာဖြစ်ပါ
တယ်။

Foreigners များနှင့်စကားပြောသောအခါ ပွင့်လင်းပါ။
ပွင့်လင်းတယ်ဆိုတာက ရိုးအတာကိုဆိုလိုတာမဟုတ်ပါဘူး။ ပါးပါးနပ်နပ်ပွင့်လင်းတာကိုဆိုလိုတာပါ။အင်တာ
ဗျူးထဲကစပွင့်လင်းရမှာပါ။ ဥပမာ သူ့အလုပ်ခေါ်ကြော်ငြာမှာ လစာက ၁၂၀၀၀၀ နဲ့၁၈၀၀၀၀ ကြားဆိုပါစို့။
သင်က(၂)သိန်းလောက်လိုချင်တယ်ဆိုပါစို့။ အင်တာဗျူးလည်း မေးပြီးပြီ။သင့်ကိုလည်း သဘောကျပြီဆိုရင်
သင့်ကိုလစာကိစ္စစဆွေးနွေးတော့မှာပါ။အဲဒိအချိန်မှာတော့သင့်အရည်အချင်းကိုသင်ယုံကြည်ရင် လစာကိစ္စ
ကိုတစ်ခါတည်းဆွေးနွေးပါ။ သင်မပျော်ရွှင်နိုင်လောက်မယ့်လစာမျိုးနဲ့လက်မခံပါနဲ့။ဘယ်အချိန်လောက်မှာ
တိုးပေးနိုင်မလဲဆိုတာပါပွင့်ပွင့်လင်းလင်းမေးပါ။ဘာလို့လစာအကြောင်းပြောရလဲဆိုတော့ဒီပြသနာကအဖြစ်
များလို့ပါ။ ပေးတဲ့လစာနဲ့လုပ်ရတာကမတန်တာတွေလုပ်ရတဲ့အခါ ပြောလို့လည်းမရနောက်ဆုံးစိတ်ညစ်ပြီး
အလုပ်ထွက်သွားတာမျိုးတွေတွေ့ဖူးလို့ပါ။ သင်ဘာလုပ်ရမလဲကို အားမနာတမ်းမေးပါ။သင်လုပ်ရမှာနဲ့သင်ရ
တဲ့ လစာထိုက်တန်မှလက်ခံပါ။ နောက်ပိုင်းမှာ“လုပ်ရတဲ့အလုပ်နဲ့ လစာမတန်ပါဘူးကွာ”လို့ပြောနေလည်း
စိတ်ဆင်းရဲယုံကလွဲပြီးဘာမှလုပ်လို့မရတော့ပါဘူး။ အလုပ်ခွင်ထဲရောက်တဲ့အခါမှာလည်းပွင့်လင်းပါ။သူခိုင်း
တိုင်း ခေါင်းညှိတ်ပြီးလုပ်ဖို့မလိုပါဘူး။ ယုတ္တိမရှိတဲ့အရာများဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ပါးနပ်စွာပြန်တိုင်ပင်
ပါ။ သူတို့ကအဲ့လိုတိုင်ပင်တာကိုကြိုက်ပါတယ်။

တိကျပါ။
ရုံးချိန်ကိုတိတိကျကျလာပါ။ မြန်မာတွေရဲ့ထုံးစံက နောက်ကျတတ်ကြပါတယ်။ သူတို့ဆီမှာတော့နောက်ကျ
တယ်ဆိုတာအရမ်းရှက်ဖို့ကောင်းတဲ့အရာတစ်ခုပါ။ဒါ့ကြောင့်တတ်နိုင်သလောက်နောက်မကျပါစေနဲ့။ရုံးကို
၁၀မိနစ်၁၅မိနစ်စောရောက်လို့ဘာမှမဖြစ်ပါဘူး။ နောက်ကျရင်ကိုယ့်သိက္ခာကိုယ်ချနေသလိုပါပဲ။ တစ်ချို့က
ကားကျပ်လို့နောက်ကျတယ်လို့ဆင်ခြေပေးလေ့ရှိပါတယ်။ ကားကျပ်ရင် အိမ်ကစောထွက်ပါ။ ကားကျပ်တာ
ဆင်ခြေတစ်ခုမဟုတ်ပါဘူး။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော့်နေတဲ့နေရာနဲ့ မိနစ်၂၀ပဲဝေးပါတယ်။ဒါပေမယ့်
ကျွန်တော်မိနစ်(၂၀)လောက်စောပြီးရုံးရောက်အောင်ကြိုးစားပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်ဘာသာ
ကိုယ်ကာကွယ်တာပါ။ သင်အချိန်မှန်ရင်သင့်ကိုသင့်Bossကလေးစားပါတယ်။ အချိန်နဲ့ပက်သက်ပြီးတိကျရုံ
မကအခြားအရာတွေမှာလည်း တိကျပါ။ ဥပမာသင်ကသောကြာနေ့တိုင်း သင့်သူဌေးဆီ အီးမေးလ်ပို့တယ်
ဆိုပါစို့။ အချိန်မှန်အောင် မပျက်မကွက်အောင်ကြိုးစားပါ။

Why? ဆိုတဲ့မေးခွန်းအတွက်အဖြေကိုအမြဲစဉ်းစားထားပါ။
သူတို့အမေးဆုံးမေးခွန်းကတော့ Why?ပါပဲ။ ကျွန်တော်တို့မြန်မာတွေလိုမဟုတ်ပါဘူး။ သင်ပြောတဲ့အကြောင်း
အရာတိုင်းအတွက် ယုတ္တိရှိတဲ့အဖြေတစ်ခုကိုသူတို့အမြဲလိုချင်ပါတယ်။ သင်ကယုတ္တိရှိတဲ့အကြောင်းပြချက်
အမြဲပေးနိုင်ရင်သင့်ကိုယ်သဘောကျလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲWhy? လို့မေးတိုင်း ဘာမှမဖြေတတ်ရင်
တော့ရေရှည်အတွက်မကောင်းပါဘူး။Any questions?Any suggestions? လို့မေးရင် နှုတ်ဆိတ်မနေပါနဲ့။

သူတို့က သင့်ကို Any questions? Any suggestions?လို့အမြဲမေးလေ့ရှိပါတယ်။ သင့်ရဲ့ ထင်မြင်ချက်ကိုလို
ချင်တာပါ။အဲ့ဒိအချိန်မှာ မြန်မာအများစုက ပါးစပ်ပိတ်ပြီးဘာမှပြောလေ့မရှိပါဘူး။ဘာလို့လဲဆိုတော့ငယ်ငယ်
လေးထဲကဆရာ၊ဆရာမတွေက မေးခွန်းပြန်မေးရင်မကြိုက်ခဲ့လို့ပါပဲ။အဲ့ဒိပညာရေးစနစ်ကြောင့်ကျွန်တော်တို့
မြန်မာတွေအမြဲတမ်းမေးခွန်းမမေးတတ်ကြပါဘူး။ တကယ်တော့ကိုယ့်Boss ကအကြောင်းအရာတစ်ခုကို
စဆွေးနွေးနေပြီဆိုကတည်းကကိုယ်ကစိတ်ဝင်တစားနားထောင်ရင်မေးခွန်းတွေမေးစရာရှိပါတယ်။ဒါကြောင့်
အကျိုးအကြောင်းဆီလျော်တဲ့မေးခွန်းမျိုးမေးတတ်ပါစေ။သင့်ရဲ့သဘောထားကိုသူတို့ကတလေးတစားမေးတဲ့
အခါမှာ သင့်ရဲ့သဘောထားကိုပွင့်ပွင့်လင်းလင်းပြောပြပါ။

ယဉ်ကျေးပါ။
Sorry, Thank you, Execuse me စသဖြင့်သင့်တော်တဲ့နေရာမှာသုံးတတ်ပါစေ။ “Of course!”ကိုသုံံးတတ်
ပါစေ။တစ်ချို့က အဲ့ဒိ “Of course!”ကိုအရမ်းသုံးကြပါတယ်။ “Of course!”ကိုအသံပြင်းပြင်းနဲ့ အသံထွက်ရင်
ရိုင်းပါတယ်။ဥပမာ နေ့လည်၂နာရီလောက်မှာ သင့်Bossကသင့်ကို“Have you finished your lunch?”လို့
မေးတယ်ဆိုပါစို့။ “Ofcourse!”ကိုအသံပြင်းပြင်းနဲ့အသံထွက်ရင် အဓိပ္ပါယ်က “စားပြီးပြီပေါ့ ဒီအချိန်အထိ
မစားပဲနဲ့ငါကဘာလုပ်နေရာမှာလဲ”ဆိုတဲ့အဓိပ္ပါယ်မျိုးပေါက်ပါတယ်။ကျွန်တော်အတွေ့အများဆုံးအသုံးအနှုန်း
အမှားလေးကို အလျင်းသင့်လို့ရှင်းပြသွားတာပါ။

မနိုင်ဝန်မထမ်းပါနဲ့။
သင်လုပ်နိုင်တဲ့အလုပ်ထက် အများကြီးပိုလုပ်မပြပါနဲ့။ သူတို့က အဲ့ဒါသင့်ရဲ့အနိမ့်ဆုံးစွမ်းဆောင်ရည်လို့ယူဆ
သွားပါလိမ့်မယ်။ ဥပမာသင့်ကတစ်နေ့ကို ဆောင်းပါး ၂ပုဒ်ရေးနိုင်တယ်ဆိုပါစို့။ သင်ကလောဘတကြီးနဲ့ရုံးစ
ရောက်ရောက်ချင်းမှာ ဆောင်းပါး (၅)ပုဒ်လောက်တစ်နေ့တည်း ရေးပြလိုက်တာမျိုး ဆိုရင်တော့ နောက်ပိုင်း
(၅)ပုဒ်ဆိုတာ သင်တစ်နေ့ကိုအနည်းဆုံးရေးရမယ့် အရေအတွက်ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ပါးနပ်ပါစေ။
သင့်ကိုခိုကပ်ပါလို့ပြောတာမဟုတ်ပါဘူး။ သင့်မှာရှိတဲ့ခွန်အားနဲ့ထိုက်တန်တဲ့ဝန်ထုပ်ဝန်ပိုးကိုထမ်းဆောင်ပါ။
တဖြည်းဖြည်းနဲ့ ပိုထမ်းဆောင်နိုင်အောင်ကြိုးစားပါ။ချက်ချင်းကြီး မပါးမနပ်နဲ့ အများကြီးလုပ်ဖို့မလိုပါဘူး။

သင်ယူပါ။
သူတို့ဆီကနေသင်ယူတာကိုသူတို့ကသဘောကျပါတယ်။သင့်ကိုသင်ယူလိုစိတ်ရှိတဲ့သူအဖြစ်နဲ့သူတို့သဘော
ကျပါလိမ့်မယ်။ မသိရင်မေးပါ။ မသိပဲနဲ့ ရမ်းသမ်းမလုပ်ပါနဲ့။ သူတို့ဆီက သေသေချာချာပြန်မေးပါ။ သေချာမှ
လုပ်ပါ။ သူတို့ဆီကရနိုင်သမျှပညာကိုလေ့လာပါ။

Englishစာတိုးတက်အောင်အမြဲကြိုးစားပါ။
English စာမပိုင်ခြင်းကလည်း ရုံးမှာသူတို့နဲ့ဆက်ဆံတဲ့အခါ အတော်ဒုက္ခပေးပါတယ်။ ဒါကြောင့်သင်အခု
Englishစာမကောင်းသေးလည်း ကြိုးစားဖို့ အချိန်မှီပါသေးတယ်။ တခါတလေ တွေ့နေရတာတွေကတော့
Misunderstanding လို့ခေါ်တဲ့ နားလည်မှုလွဲမှားခြင်းပါပဲ။ ဘာသာစကားအခက်အခဲကြောင့် တခါတလေ
မလိုအပ်တဲ့ အခက်အခဲတွေကိုတွေ့ရတတ်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့အထက်ပါအချက်များက ပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံခြားသား
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အသုံးဝင်ပါလိ့မ်မယ်။ ထူးချွန်ထက်မြက်ပြီး လစာ
ကောင်းကောင်းရရှိနိုင်သောဝန်ထမ်းများ ဖြစ်ကြပါစေခင်ဗျာ။

မိုးရှင်း (I.M.T)
Oringinal Link >> http://www.shwemom.com/how-to-work-with-foreigners/