Monday, May 15, 2017

အာရှ ပစိဖိတ်၏ ကမ္ဘာလုံးဆိုင်ရာ အဖိုးတန် သတ္တု ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် အဆင့်ဆင့် ပြောင်းလဲလာသည့် စင်ကာပူ

- Asia Pacific Precious Metals Conferenc ဖွင့်ပွဲတွင် ပါဝင်နိုင်ရန်
ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည့် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် (Myanmar Federation of Mining Association)

စင်ကာပူ ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက် - အဖိုးတန် သတ္တု လုပ်ငန်းနယ်ပယ်၏ အဓိက အဖွဲ့ဝင် ဖြစ်သည့် Singapore Bullion Market Association (SBMA) အား IE Singapore ၏ ပံ့ပိုးမှုနှင့်အတူ စင်ကာပူ၏ အဖိုးတန် သတ္တု ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် နှစ်မြှုပ်ထားပါတယ်။၎င်း၏ အောင်မြင်မှုများအနေဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အဖိုးတန် သတ္တု ရင်းနှီးမြှုပ်နှံမှု အဆင့် (IPM) ကူးသန်းရောင်းဝယ်ရေး၌ GST ကင်းလွတ်ခွင့်နှင့် IPM ပို့ကုန်/သွင်းကုန်အတွက် လိုင်စင် လိုအပ်ချက် မလိုခြင်း စသည့် ပဏာမ ခြေလှမ်းများကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဤလုပ်ဆောင်ချက်တွေဟာဆိုရင်ဖြင့် SBMA ၏ တိုက်တွန်းအကြံပြုချက်များ၏ ရလဒ်ပင် ဖြစ်ပါတယ်။
ထို့ကြောင့်ပင် တစ်နှစ်တာ ရောင်းဝယ်ဖောက်ကားမှု ရွှေထုထည်ဟာ ၂၀၁၂ ခုနှစ်တွင် ၉၉၁ တန်မှ ၂၀၁၅ ခုနှစ်တွင် ၂၆၂၄ တန်အဖြစ် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ဟုန်ထိုး တိုးတက်သွားသည့် ရွှေကူးသန်းရောင်းဝယ်ရေး ပမာဏသည် ဖွံ့ဖြိုးတိုးတက်လာမှု၏ ရလဒ်ပင် ဖြစ်ပါတယ်။
အဓိက ဖွံ့ဖြိုးတိုးတက်မှု တစ်ခုမှာ ချန်ဂီ လေဆိပ်အနီး တည်ရှိသည့် လုံခြုံစိတ်ချရသည့် Singapore FreePort သိုလှောင်ရုံကို တည်ဆောက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ ထိုနေရာတွင် အဖိုးတန်သတ္တုများအား လုံခြုံစိတ်ချရစွာ သိုလှောင်နိုင်စေရန်အတွက် လိုအပ်သည့် အထောက်အပံ့အစုံဖြင့် ပံ့ပိုးပေးထားပါတယ်။ ဒေသတွင်းသာမက ကမ္ဘာအနှံ့ရှိ ရင်းနှီးမြှုပ်နှံသူများအတွက်ပါ ရေရှည်သိုလှောင်ရုံကို ပံ့ပိုးပေးထားသောကြောင့် အာရှတလွှားတွင် AAA ခရက်ဒစ် သတ်မှတ်ခံရသည့် နိုင်ငံ၌ ၎င်းတို့၏ အဖိုးတန် ပစ္စည်းများကို ကူးသန်းရောင်းဝယ်နိုင်မှာပဲဖြစ်ပါတယ်။
ထိုကဲ့သို့သော အခြေခံ အဆောက်အအုံနှင့်အတူ စင်ကာပူတွင် စက်ရုံတည်ထောင်နိုင်ရန်လည်း Metalor Technologies S.A. အား ဆွဲဆောင်နိုင်ခဲ့ပါသေးတယ်။ ဤစက်ရုံသည် ပမာဏအရ အရှေ့တောင် အာရှတွင် အကြီးဆုံး London Bullion Market Association (LBMA) အသိအမှတ်ပြု စက်ရုံ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် စတင်လည်ပတ်ခဲ့ပါတယ်။ ဤသည်မှာ စင်ကာပူတွင် ရွှေသန့် ထုတ်လုပ်မှု ၄ဆ တိုးမြှင့်လာကတည်းကပင် ဖြစ်ပါတယ်။
ယနေ့ခေတ် စင်ကာပူရှိ အဖိုးတန် သတ္တု ရောင်းဝယ်သူ အရေအတွက်မှာလည်း တိုးတက်လာပြီ ဖြစ်ပါတယ်။ စင်ကာပူမှ ရွှေ စီးဆင်းမှုသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ၆၅% အထိ တိုးမြှင့်လာခဲ့ပြီး ရွှေတန်ချိန် ၂၀၀ အထက် ရောက်ရှိခဲ့ပါတယ်။
Metals & Minerals Division, Trade Promotion Group, IE Singapore ၏ Divisional Director ဖြစ်သူ Mr Lester Lu က ဆောင်းပါးတစ်ခုတွင် ဖော်ပြပါအတိုင်း ပြောကြားခဲ့ပါတယ်။"၁၉၇၀ မှ ၁၉၈၀ နောက်ပိုင်းအထိ စင်ကာပူသည် အရှေ့အာရှအတွက် ရွှေကူးသန်းရောင်းဝယ်ရေး အချက်အချာ နေရာတစ်နေရာ ဖြစ်ခဲ့ပါတယ်။၁၉၉၄ ခုနှစ်တွင် GST စတင်ကျင့်သုံးလာမှုကြောင့် စင်ကာပူသည် ရွှေဖြန့်ဝေမှု စင်တာကဲ့သို့သော အနေအထားမှ ပျောက်ဆုံးခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ SBMA နှင့် ပူးပေါင်း မိတ်ဖွဲ့ဆောင်ရွက်မှုကြောင့် စင်ကာပူကို အာရှ ပစိဖိတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အဖိုးတန် သတ္တု ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် တစ်ဖန် ပြန်လည်လုပ်ဆောင်နိုင်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
SBMA ရဲ့ အရေးပါတဲ့ ပါဝင်လှုပ်ရှားမှုကို အသိအမှတ်ပြုတဲ့အပြင် ရွှေလုပ်ငန်းအတွက် ဗဟိုချက်တစ်ခု ဖြစ်လာဖို့နဲ့ အဖိုးတန် သတ္တု ဂေဟစနစ်တစ်ခု ဖွဲ့စည်းနိုင်ရန်အတွက်လည်း SBMA ကို တိုက်တွန်းပေးခဲ့ပါတယ်။"
IE Singapore မှ ဤလုပ်ပိုင်ခွင့်နှင့်အတူ SBMA သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့ဝင်များနှင့်အတူ ဗဟုသုတများ ဝေမျှခြင်းနှင့် အကောင်းဆုံး အလေ့အကျင့်များမှတစ်ဆင့် အာဆီယံ (ASEAN) နိုင်ငံများ၏ ရွှေဈေးကွက်ရှိ လုပ်ငန်းရှင်များအား အတူလက်တွဲ ခေါ်ဆောင်ခြင်းဖြင့် ဒေသအတွင်း အကောင်းဆုံး ပါဝင်လှုပ်ရှားနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ပါတယ်။
SBMA ၏ CEO ဖြစ်သူ Mr Albert Cheng က "စင်ကာပူကို ကမ္ဘာလုံးဆိုင်ရာ အဖိုးတန် သတ္တု ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် ဖွံ့ဖြိုးလာစေရန် IE Singapore နှင့်အတူ လက်တွဲ လုပ်ကိုင်ရတဲ့အတွက် အလွန်ကို ကျေနပ်အားရမိပါတယ်။အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များနဲ့အတူ ချိတ်ဆက်လုပ်ကိုင်နေသည့်အပြင် ASEAN အဖိုးတန် သတ္တု ဈေးကွက်ကိုလည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် တက်ကြွစွာ မြှင့်တင်နေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
စင်ကာပူကို အာရှ ပစိဖိတ်၏ ကမ္ဘာလုံးဆိုင်ရာ အဖိုးတန် သတ္တု ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် မြှင့်တင်နိုင်ရန် IE Singapore ၏ အထောက်အပံ့နှင့်အတူ SBMA သည် စင်ကာပူနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပမည့် Asia Pacific Precious Metals Conference ဖွင့်ပွဲကို ဦးစီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ထိုညှိနှိုင်းဆွေးနွေးပွဲသို့ World Gold Council ၊ London Bullion Market Association ၊ The Chinese Gold & Silver Exchange Society ၊ Tokyo Commodity Exchange ၊ London Metal Exchange ၊ Thailand Futures Exchange ၊ World Platinum Investment Councilစသည့် အဓိက အဖွဲ့အစည်းများနှင့်အတူ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်စသည့် ASEAN နိုင်ငံများမှ ပါဝင်ဆောင်ရွက်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် (Myanmar Federation of Mining Association) ၏ ဥက္ကဌဖြစ်သူ ဦးခင်မောင်ဟန်က "ယခင်နှစ်တွေကတည်းက မြန်မာ အစိုးရနှင့် အသင်းများ၏ ညှိနှိုင်းဆွေးနွေးမှုတွေမှာ မြန်မာ့ ရွှေလုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာ ဈေးကွက်နဲ့ ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။တင်ပို့မှု မစတင်မီ နိုင်ငံတကာ အရည်အသွေးမီ သန့်စင်ပြီး ရွှေတွေကို နိုင်ငံတွင်း ထုတ်လုပ်နိုင်ရမယ့်အပြင် အရေးပါတဲ့ အဆင့် တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဗဟို ရွှေဈေးကွက်အတွက် ကူးသန်းရောင်းဝယ်ရေး ယန္တရားကို တစ်ချိန်တည်းမှာပဲ အဆိုပြုနိုင်ဖို့ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "မြန်မာနိုင်ငံရဲ့ ရွှေလုပ်ငန်း ကဏ္ဍတစ်ခုလုံးမှာ ကနဦး ရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်တော်တို့ အဖွဲ့နှင့် အဖွဲ့ဝင်များအနေနဲ့ စင်ကာပူမှာ ကျင်းပမယ့် Asia Pacific Precious Metals Conference လို နှီးနှောဖလှယ်ပွဲတွေ၊ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ တစ်ဆင့် ဒေသဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် ဖလှယ်နိုင်ဖို့ လိုအပ်ပါတယ်" လို့လည်း ဦးခင်မောင်ဟန်မှ ပြောသွားခဲ့ပါသေးတယ်။
ဤညှိနှိုင်းဆွေးနွေးပွဲသည် အာရှ ပစိဖိတ် အဖိုးတန် သတ္တု ဈေးကွက်နှင့် ပတ်သက်သည့် ပြဿနာများကို ဆွေးနွေးသွားနိုင်မည့် အဖိုးတန် သတ္တု အဖွဲ့အစည်းအတွက် ပလက်ဖောင်းတစ်ခုဖြစ်သွားမှာ ဖြစ်ပါတယ်။ပါဝင်တက်ရောက်သူတွေ အနေနဲ့လည်း ဈေးကွက်သစ်တွေအကြောင်း လေ့လာ နားလည်လာနိုင်မည့်အပြင် ASEAN နဲ့ အာရှ ပစိဖိတ် ဒေသရှိ ဝယ်ယူသူတွေ/ရောင်းချသူတွေနဲ့လည်း တွေ့ဆုံသွားနိုင်မည့် အခွင့်အလမ်းကောင်းတွေကို ရရှိမှာ ဖြစ်ပါတယ်။

Tuesday, October 11, 2016

တက္ကသိုလ်နှင့်ကောလိပ်ကျောင်းသား၊ ကျောင်းသူများအတွက် စွမ်းရည် Project ပြိုင်ပွဲ ကျင်းပမည်

တက္ကသိုလ်နှင့်ကောလိပ်ကျောင်းသား၊ ကျောင်းသူများအတွက် စွမ်းရည် Project ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအစီအစဉ်အရ Qualifying Round (အရည်အချင်းစစ်အဆင့်) ပြိုင်ပွဲများကိုနိုဝင်ဘာလ ၅ ရက် နှင့် နိုဝင်ဘာလ ၈ ရက်တို့၌ ရန်ကုန်မြို့နှင့် ထားဝယ်မြို့များတွင် ကိုယ်စားပြု၍ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ဒေသဆိုင်ရာအဆင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၂၆ တွင်လည်းကောင်း၊ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲတွင် အမြင့်ဆုံး ရမှတ်ရရှိသောအသင်း ၁၆ သင်းအနေဖြင့် Regional Round (ဒေသဆိုင်ရာအဆင့်) သို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး Regional Round (ဒေသဆိုင်ရာအဆင့်) မှအမြင့်ဆုံးအမှတ်ရရှိသော အသင်း ၄ သင်းမှာ Final Round (နောက်ဆုံးအဆင့်) ပြိုင်ပွဲကို တက်လှမ်းနိုင်မည်ဖြစ် သည်။ နောက်ဆုံးအနိုင်ရရှိသော အသင်းကို Project ဆက်လက်လုပ်ဆောင်နိုင်ရန် ရန်ပုံငွေအဖြစ်ဒေါ်လာ ၂၅၀၀ နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူခရီးစဉ်ကို ဆုအဖြစ်ချီးမြှင့်သွားမည်ဖြစ်ပြီး Final Round (နောက်ဆုံးအဆင့်) တွင်ကျန်ရှိသောအသင်း ၃ သင်း ကိုလည်း အဖွဲ့တစ်ဖွဲ့ခြင်း အလိုက် ဒေါ်လာ ၂၅၀ စီ ချီးမြှင့်သွားမည်ဟု သိရသည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်းရှိရမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့တွင် အနည်းဆုံး ၂ ဦးမှအများဆုံး ၄ ဦးအထိ ပါဝင်နိုင်မည်ဖြစ်သည်။ လူမှု အဖွဲ့အစည်းကို အကျိုးပြု ပြီး အပြုသဘော သက်ရောက်မှုရှိသော ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဘဝစွန့်ဦးတီထွင်မှု၊ ဒေသဖွံဖြိုးရေး များထဲမှ ခေါင်းစဉ်တစ်ခုကို ရွေးချယ်ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ရဲတံခွန်လူငယ်အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်မည့် Project များသည် Register လုပ်ထားသည့် Project ခေါင်းစဉ်တစ်ခုတည်းကိုသာ အစအဆုံးယှဉ်ပြိုင်သွားရမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ဦးကျော်ကျော်လှိုင်၊ ဦးလင်းသိုက်ညွန့်၊ ဒေါက်တာတင်အောင်ဆွေ နှင့် PCML Leadership Team မှ Dr. Edward Zan တို့မှ အကဲဖြတ်ဒိုင် များပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတသောအမှတ်ပေးစည်းမျဉ်းများနှင့် အညီအကဲဖြတ်သွားမည်ဟု သိရသည်။ အကဲဖြတ်ဒိုင်များမှ ပွဲစဉ်တစ်ခုခြင်းစီ၌ ပြိုင်ပွဲဝင်များ၏ Project Presentations များအပေါ် အကဲဖြတ်ပေးသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့်အဖွဲ့များ၏ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ ခေါင်းဆောင်မှု စွမ်းရည် ၊ လုပ်ငန်းစီမံခန့်ခွဲမှုစွမ်းရည်နှင့်ဖန်တီးနိုင်စွမ်းတို့အပေါ် မူတည်ကာ အကဲဖြတ်အမှတ်ပေးခံရမည် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်တိုဘာလ ၂၅ ရက်၊ နောက်ဆုံးထားကာ ရဲတံခွန်လူငယ်အစီအစဉ် TH 2, B 5-1, ငုဝါ (၃) လမ်း၊ မလိခအိမ်ရာ၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ (သို့မဟုတ်) yetagunyouthprogram@gmail.com ဖုန်း - ၀၉၄၅၉၂၅၈၈၈၁ သို့ ဆက်သွယ်မေးမြန်းပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့အပြင်Facebook.com/yetagunyouthprogram တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

Friday, September 23, 2016

Total F&N Food and Beverage Portfolio ပြပွဲ

၂၀၁၆ခုနှစ်၊ သြဂုတ်လ ၁၈ရက်၊ ရန်ကုန်၊ မြန်မာ – Fraser and Neave (F&N) Foods Myanmar မှ ၎င်း၏ တစ်မူထူးခြားသည့် "Total F&N Food and Beverage Portfolio" ကို ၂၀၁၆ခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့ထိ ၃ရက်တိုင်တိုင် တပ်မတော်ခန်းမတွင် ပြုလုပ်ကျင်းပမည့် 2016 Myanmar FoodBev Exhibition တွင် ထုတ်ဖော်ပြသနေပြီ ဖြစ်ပါသည်။ F&N Foods Myanmar ပြခန်းများတွင် ၎င်းတို့၏ ကုန်ပစ္စည်းအရည်အသွေးများနှင့် ပစ္စည်းနမူနာများကို ပွဲသို့လာရောက်သည့် ကုန်ထုတ်ကျွမ်းကျင်သူများနှင့်ဧည့်သည် ထောင်ချီကို ပြသပေးလျက် ရှိနေပါသည်။
ဖွင့်ပွဲတွင် F&N Foods Myanmar (Country Manager Mr. Freddy Oh) က ၎င်း၏ စားသောက်ကုန် အားလုံး၏ နမူနာများကို ပရိတ်သတ်များ၊ ကုန်ထုတ်ကျွမ်းကျင်သူများနှင့် အထူးဧည့်သည်တော်များအား မိတ်ဆက်ပြသပေးခဲ့ပါသည်။ F&N Foods Myanmar မှ ၎င်း၏ လူသိများ ကျော်ကြားသည့် 100PLUS အားဖြည့်အချိုရည်၊ F&N Magnolia နို့၊ F&N Fruit Tree ဖျော်ရည်၊ F&N Nutrisoy ပဲနို့၊ Season၊ Magnolia Ice Cream၊ Sarsi၊ Oishi နှင့် Tea Pot နို့ဆီ နို့စိမ်းဘူးများ စသည့် အမျိုးမျိုးသော ကုန်ပစ္စည်းအမှတ်တံဆိပ်များကို ဖော်ထုတ်ပြသခဲ့ပါသည်။ F&Nသည်  မြန်မာနိုင်ငံမှ စားသုံးသူများအတွက် ပရိုမိုးရှင်းအစီအစဉ်များ၊ နာမည်ကျော် စားဖိုမှူးများနှင့် ကုန်ပစ္စည်းများကို ချက်ပြုတ်ပြသခြင်း နှင့် နေ့စဉ်ဘဝအတွက် အာဟာရနှင့် အစားအသောက်ပုံစံများစသည့် လှုပ်ရှားမှုမျိုးစုံဖြင့်လည်း ပံ့ပိုးပေးခဲ့ပါသည်။
F&N၏ ခိုင်မာစိတ်ချရသောအရည်အသွေးထိန်းသိမ်းမှူများသည် စားသုံးသူများအတွက် ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်စေပြီး နေ့စဉ်အစားအသောက်အတွက် ကောင်းမွန်မှန်ကန်သော အာဟာရများကို ပေးစွမ်းသွားမည့် ကတိတစ်ခုပင် ဖြစ်ပါသည်။ အဆင့်မြင့် အရည်အသွေးနှင့် F&N ကုန်ပစ္စည်းများသည် မြန်မာစားသုံးသူများ၏ နေ့စဉ်ဘဝတွင် လိုအပ်ချက်များအားလုံးနှင့် ဆက်စပ်နေသည့် အကောင်းဆုံး အရည်အသွေးပြည့် စားသောက်ကုန်များကို ပံ့ပိုးပေးနေပါသည်။ 100PLUS အပါအဝင် အရည်အသွေးမီ အရသာရှိလှသည့် F&N ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း ရောင်းချနေသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပြီး မြန်မာစားသုံးသူများမှလည်း လိုလားစွာ ဝယ်ယူအားပေးခဲ့ကြပါသည်။
"F&N သည် မြန်မာစားသုံးသူများ၏ ကျန်းမာကြံ့ခိုင်ရေး လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အာမခံထားပြီး F&N ကို Pure Enjoyment, Pure Goodness ဟူသော ဆောင်ပုဒ်နှင့်အညီ လုပ်ဆောင်လည်ပတ်နေပါတယ်။ ကျွန်တော်တို့တွေဟာ ခိုင်မာ အရေးပါလှတဲ့

ကျန်းမာပျော်ရွှင်မှုနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီ ဖြစ်တဲ့အပြင် စားသောက်ကုန်နမူနာများအပေါ်မှာလည်း စိတ်လှုပ်ရှားနေပါတယ်”လို့ F&N Foods Myanmar ရဲ့ Head of Marketing Mr Prapas Rattanapas က ပြောကြားသွားခဲ့ပါသည်။


Wednesday, August 3, 2016

100Plus မှ စပွန်ဆာပေးထားသော MFF U-14 အမျိုးသား 100PLUS Super Cup 2016 ၏နောက်ဆုံးအရေးပါသောအောင်ပွဲရောက်ရှိခဲ့ပြီ

ရန်ကုန်, မြန်မာ, July 20, 2016 – Fraser and Neave (F&N) Foods Myanmar နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်တို့ပူးပေါင်းကျင်းပါးခဲ့သောU-14 100Plus Super Cup အမျိုးသားဘောလုံးပြိုင်ပွဲကိုသုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပခဲ့ပါတယ် မြန်မာဘောလုံးအဖွဲ့ချူပ်(MFF)မှဖွဲ့စည်းထားသည့်U-14100PlusSuperCupသည် ပထမဆုံးလူငယ်အသင်းနှင့်နှိင်ငံတစ်ဝှမ်းမှU14အမျိုးသားအသင်း(၁၇)သင်းကယှဉ်ပြိုင်ခဲ့သည်။100PlusSuperCup2016ကိုဇူလိုင်လ(၄)ရက်နေ့တွင်စတင်ခဲ့ပြီး(၁၄)အကြာဖိုင်နယ်တွင်ရန်ကုန်အသင်းကချန်ပီယံရခဲ့သည်။
100PLUS Super Cup 2016 ဆုပေးပွဲအခမ်းအနားနှင့်ဖိုင်နယ်ဘောလုံးပြိုင်ပွဲသို့ ဒေါက်တာမျိုးသိန်းကြီး(ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ဦးကျော်စွာသွင်(ပညာရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး)၊ Mr. Freddy Oh(Countrty Manager of F&N Foods Myanmar)၊ Mr. Prapas Rattanas(Marketing Head of F&N) တို့နှင့် နိုင်ငံခြားမှကိုယ်စားလှယ်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။




Monday, June 13, 2016

What is Digital Marketing

Digital Marketing ဆိုတာ တစ်နည်းအားဖြင့် Internet Marketing (သို့) Online Marketing (သို့) IT နည်းပညာဖြင့်စျေးကွက်ထိုးဖေါက်ခြင်း (သို့) ၂၁ ရာစု ခေတ်သစ်စျေးကွက်ရှာဖွေထိုးဖေါက်ခြင်း စနစ်လို့ လည်းခေါ်ကြတယ်။ နိုင်ငံခြားမှာသုံးနေတာ ၁ဝ စုနှစ် ၂ ခုကျော်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံ မှာတော့ Digital Marketing ဟာ ၂ဝ၁၅ ခုနှစ် လောက်ကစပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာတွေ့ရတယ်။
ဘယ်လိုအလုပ်မျိုးလဲဆိုတော့ Digital Marketing က Traditional Marketing နဲ့ မတူဘူး ပိုက်ဆံ အများကြီး သုံးပီးဂျာနယ်တွေ သတင်းစာတွေ TV program တွေ Billboard တွေ လက်ကမ်းစာစောင်တွေ မှာကြာ်ငြာ စရာ လည်းမလိုဘူး၊ တနေကုန် နေရာတကာ လျောက်သွားပြီး Marketing ဆင်းနေစရာမလိုဘူး ၊ လျှာညောင်းနေအောင် စကားပြောစရာလည်းမလိုဘူး Computer နဲ့ Internet ရှိရင် အလုပ်လုပ်လို့ရတယ်။

Digital Marketing ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့

    Website and Blog
    Search Engine Optimization (SEO)
    Search Engine Marketing (SEM)
    Social Media Optimization (SMO)
    Social Media Marketing (SMM)
    Content Marketing
    Email Marketing
    Online Advertising
    Web Analytics

စတဲ့ Digital Marketing Methods တွေနဲ့ဖွဲ့စည်းထားတယ်။ Digital Marketing နယ်ပယ်မှာ ဝင်လုပ်ဖို့ အဲ့တာတွေ အကုန် နားလည် တတ်မြောက်ထားစရာမလိုပါဘူး။ Digital Marketing မှာလည်းသူ့ Sector နဲ့သူရှိပါတယ်။

    Search Engine Optimization and Marketing (SEO / SEM)
    Social Media Optimization and Marketing (SMO / SMM)
    Online Advertising
    Content Marketing
    Email Marketing

စတဲ့အပိုင်း ၅ ပိုင်းရှိတယ်။ အဲ့ဒီ ၅ မျိုးမှာ ကိုယ်က ၁ မျိုးဘဲ Specialist တတ်ထားတယ်ဆိုရင် လည်း ရတယ်။ သို့မဟုတ် အကုန်လုံး တတ်မြောက်ထားမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကို့အတွက် အလုပ်လုပ်တဲ့ အခါ Chance ပိုများပြီး ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။
ပြီးတော့ အပေါ်က Digital Marketing မှာပါတဲ့ အချက်တွေနဲ့ Sectors တွေကိုအောက်မှာ အသေးစိတ် ပြန်ရှင်းပြထားတယ်…

Website and Blog

Digital Marketing မှာတော့ အရေးကြီးဆုံး ၊ အရေးပါဆုံးလို့ပြောလို့ရတယ်။ Website နဲ့ Blog တွေဟာ မရှိမဖြစ်တွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က Internet မှာ စျေးကွက်ရှာဖွေထိုးဖေါက်တော့မယ်ဆို ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ဝန်ဆောင်မှုတွေ ဟာလဲ Internet ပေါ်မှာရှိနေဖို့လိုပါတယ်။ Internet ပေါ်မှာ စက်ရုံဆောက်ရမယ်လို့ပြောတာမဟုတ်ပါဘူး မိမိတို့ရဲ့ လုပ်ငန်းအကြောင်းတွေကို Internet ပေါ်မှာ Website (သို့) Blog ရေးခြင်း လုပ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းတွေဖေါ်ပြထားရမယ် ဘာလုပ်တယ် ဘယ်လိုလုပ်တယ်ဆို တာကအစ အသေးစိတ်လုပ်ထားရမယ်။ ဒါမှဘဲ ပြည်တွင်း ပြည်ပ က New Customer တွေက ကို့ရဲ့လုပ်ငန်း အကြောင်းကို ကိုယ့်ရဲ့စက်ရုံ (သို့) ရုံးခန်း သို့လာစရာမလိုဘဲ Internet ပေါ်မှာတင် လွယ်လွယ် ကူကူ ဝင်ရောက် ရှာဖွေ ချိတ်ဆက်နိုင်မှာဖြစ်တယ်။

Search Engine Optimization and Marketing (SEO / SEM)

SEO / SEM လည်းပဲ Digital Marketing မှာ အရေးကြီးတဲ့ Sector တစ်ခု အဖြစ်ပါဝင်နေတယ်။ Search Engine Optimization ဆိုတဲ့အတိုင်း SEO ဟာ မိမိတို့လိုချင်တဲ့ Keywords (သို့) Search Engine တွေရဲ့ Search Box မှာ ရိုက်ပီးရှာတဲ့ စကားစု တွေကိုရှာလိုက်ရင် ကို့ရဲ့ Website Page – Blog Page တွေကို အပေါ် ထိပ်ဆုံးရောက်အောင် တွန်းပို့ လုပ်ဆောင်တဲ့လုပ်ငန်းဖြစ်တယ်။ အဲလို ကို့ရဲ့ Website – Blog ကအပေါ်ဆုံးမှာရှိနေရင် ရှာတဲ့လူက အလွယ်တကူ ကို့ရဲ့Website – Blog ကိုလွယ်လွယ်ကူကူ မြင်နိုင်တာပေါ့။ ဘာကြောင့် အဲ့လိုလုပ်ရတာလဲဆိုတော့ Google, Bing, Yahoo etc., စတဲ့ Search Engine တွေမှာ တစ်နေ့ ကို Search လုပ်တဲ့အကြိမ်အရေအတွက်ပေါင်း Billion နဲ့ချီပီး ရှာဖွေကြတယ် အဲ့ဒီအထဲမှာ သင့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ဟာတွေလည်း အများကြီးပါတယ်။ ကို့ရဲ့ Website – Blog ကအပေါ်ဆုံးကိုရောက်နေရင် ကို Customers များများရဖို့ Chance ပိုများတာပေါ့။

နောက်တစ်ခုက Search Engine Marketing (SEM) ကဘာလဲဆိုတော့ သူက SEO နဲ့ Pay Per Click (PPC) ခေါ် ပိုက်ဆံပေးပြီးတော့ Search Engine (Google, Bing, Yahoo) တွေမှာ ကြော်ငြာတဲ့ နည်းလမ်းတွေပါဝင်တယ်။ SEO ကအပေါ်မှာရှင်းပြထားပီးဖြစ်တယ်။ SEM ကို PPC လို့ခေါ်ရင်ပိုမှန်မယ်ထင်တယ်။ SEM မှာ PPC Role ကဘာလုပ်လဲ ဆိုရင် Search Engine တွေမှာ လူတွေ Search လုပ်ကြတဲ့ Keywords တွေ (သို့) သင်ကြိုက်နှစ်သက်တဲ့ Keywords တွေကို ပိုက်ဆံပေးပြီး ကြော်ငြာလုပ်ခြင်းဖြစ်တယ်။ PPC က မိမိ Website page – Blog page ကို SEO လုပ်စရာ မလိုဘဲ ပိုက်ဆံပေးပြီး Searh Engine တွေရဲ့ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာ ကြော်ငြာ ခြင်း ဖြစ်တယ်။ ကြော်ငြာက ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာပေါ်တာတွေက ကြော်ငြာအတွက် မိမိတို့ သုံးတဲ့ ပိုက်ဆံပေါ်မူတည်တယ်။

Social Media Optimization and Marketing (SMO / SMM)

Micro Blog ခေါ် Social Media လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တယ်။ Digital Marketing မှာ SMO / SMM တို့ကလည်း မရှိမဖြစ်ပါ။ ဘာကြောင့်လည်းဆိုတော့ Social Media တွေကိုလူတိုင်းနီးပါး သုံးနေကြပါပြီ။ ထို့ကြောင့် အဲ့လို လူတိုင်းနီးပါးအသုံးပြုနေကြတဲ့ Social Media တွေမှာ Marketing လုပ်ဖို့ဆိုတာ လွယ်လည်း လွယ်ကူသလို ROI (Return on Investment) ကလည်း တော်တော်အခြေအနေကောင်းတယ်လို့ပြောရမယ်။ Digital Marketing အတွက်ကတော့ မရှိမဖြစ်ထဲကတစ်ခုပေါ့။ Digital Marketers တွေအများဆုံး အသုံးပြုကြတဲ့ ဟာတွေကတော့

1. Facebook (All in One)
2. Google Plus (All in One)
3. Twitter (All in One)
4. LinkedIn (Business)
5. Pinterest (Photo)
6. Flickr (Photo)
7. Youtube (Video)

တို့ဖြစ်ကြတယ်။ တကယ်တန်းချရေးမယ်ဆို အများကြီးရှိပါတယ်။ အခု ၇ မျိုးကတော့ Influence ဖြစ်တဲ့ Social Media တွေဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင် Facebook နဲ့ Youtube ကတော့အကောင်းဆုံးပေါ့။ ကဲ့ဟုတ်ပီ ဘယ်လို SMO / SMM လုပ်မှာလည်းဆိုတော့ Social Media အများစုက Free ဖြစ်တယ်၊ အသုံးပြုရလွယ်ကူတယ်။ ဘယ်လို Marketing လုပ်ကြမလဲဆိုရင် Website – Blog တွေလိုဘဲ မိမိ လုပ်ငန်းတွေအတွက် Business Page တွေ တည်ဆောက်ထားဖို့လိုမယ်။ တည်ဆောက်ထားရုံနဲ့မပြီးဘူး Profile image – Cover image – Description – Contact – Link တွေကိုထည့်ပြီး Optimization တွေလုပ်ရမယ်။ ပြီးရင် ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ Contents တွေ Post တွေ တင်ထားမယ် ပြီးရင် တစ်ပါတ် ၂ ခါ ၃ ခါလောက် ကို့ လုပ်ငန်းအကြောင်းကို Pitch Post အဖြစ်ထည့်ရေးရမယ်။ အဲ့လိုလွယ်လွယ်ကူကူ Social Media တွေမှာ Marketing လုပ်လို့ရတယ်။ နောက်ပြီးတော့ ပိုက်ဆံ နည်းနည်း သုံးပြီး Target Customer များများ ကို ရောက်ရှိစေနိုင်တာကလည်း Social Media တွေရဲ့ အဓိကအားထားစရာ ဖြစ်နေတယ်။ တကယ်လို့ Social Media Specilist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ Facebook, Youtube မှမဟုတ်ဘူး ကျန်တဲ့ Social Network sites တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည် အသုံးပြု တတ်ဖို့လိုမယ်။

Content Marketing

Content Marketing ကလည်း Digital Marketing ထဲက Sector တစ်ခုပါဝင်ပါတယ်။ Content Marketing ဟာသူ တစ်ခုထဲ ရပ်တည်လို့မရဘူး Website , Blog , Social Media တွေနဲ့ တွဲသုံးရမှာဖြစ်တယ်။ Content Marketing လို့ ဆိုရာတွင် Articles , Photos , Document , Video , PDF , Text , Audio စတဲ့ Materials တွေပါဝင်ပါတယ်။ ဘယ်လို အလုပ် လုပ်လဲဆိုတော့ အရင်ဆုံး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက် သက်ဆိုင်တဲ့ Contents တွေကို ဖန်တီးရမယ်။ အဲ့လိုဖန်တီးရာမှာလည်း ဖြစ်သလို လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Digital Marketing မှာ Contents Effect ဟာ အရမ်း Influence ဖြစ်တယ် အရေးပါတယ်။ Digital Marketer အများစုဟာ သူတို့ရဲ့ အလုပ်ရဲ့အချိန် ထက်ဝက်ကို Contents ဖန်တီးဖို့ အသုံးပြုလေ့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ Contents ဟာ အလွန် အရေးကြီးမှန်း သူတို့သိတာကိုးဗျ။ အဲ့တာကြောင့် Contents ကို ဖန်တီးရာမှာ Quantity ထက် Quality ရှိဖို့ အရေးကြီးတယ်။ Articles ဆိုလည်း ဖြစ်သလို မရေးဘဲ သေသေချာချာ ရေးရမယ်။ ထို့အတူဘဲ Photos , Document , Video , PDF , Presentation ဖန်တီးရာမှာ ဖြစ်သလိုမဟုတ်ဘဲ Unique ဖြစ်စေဖို့ ကောင်းကောင်း မွန်မွန် သေသေချာချာ Create လုပ်ဖို့ လိုတယ်။ Contents တွေ Create လုပ်ပြီးသွားရင် ကျွန်တော်တို့ စပြီး Promote လုပ်ဖို့ ဘာလုပ်ရမလည်းဆိုရင် နီးစပ်ရာသူငယ်ချင်းတွေ ကို ပြန် Share မယ်၊ ကို့ရဲ့အသိမိတ်ဆွေထဲက Web ပေါ်မှာ Influence ဖြစ်တဲ့ သူတွေကတစ်ဆင့် Share ရမယ်။ ပီးရင် Content အလိုက် ဆိုင်ရာဆိုင်ရာ Social Media တွေမှာလိုက် Promote လုပ်ရမယ်။ ဥပမာ Video ဆိုရင် Youtube , DailyMotion စတဲ့ Video Social Media တွေမှာ Promote လုပ်ရမယ်။ Presentation ဆိုရင် SlideShare , SlideShow စတဲ့ Presentation Social Media တွေမှာ Promote လုပ်ရမယ်။ အဲ့တာတွေကို Content Marketing လုပ်ခြင်းလို့ခေါ်တယ်။

Email Marketing

Email Marketing ကိုလည်း Digital Marketer တွေတော်တော်များများ အသုံးပြုကြတယ်။ တကယ်တမ်း သုံးတတ် ရင် တော်တော်ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီးတော့ ကို့ရဲ့ လုပ်ငန်းအကြောင်းကို Pitch လုပ်ဖို့အကောင်းဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ Email Marketing ဘယ်လို အလုပ်လုပ်လဲ…??? Email လို့ဆိုလိုက်တာနဲ့ လူတော်တော် များများသိကြပြီးဖြစ်မှာပါ…ဟုတ်ပီ အဲ့တာဆို ဘယ်လို Marketing လုပ်မလဲဆိုတော့ လွယ်လွယ်လေးပါ ကိုယ့် Email Account လေးဖွင့် ကိုပို့ချင်တဲ့စာလေးရေး ပီးရင်ပို့လိုက်ရုံပေါ့။ အဲ့လိုလုပ်ရတာတော့ မှန်ပါတယ်…ဒါပေမဲ့ Email တစ်စောင် နှစ်စောင်ဆိုရင် အဆင်ပြေတာပေါ့ဗျ ကျွန်တော်တို့က Email Marketing လုပ်တာဆိုတော့ Email အစောင် ရာ နဲ့ ထောင် နဲ့ ချီပီး ပို့ရတာဗျ။ အဲ့လို ၁ စောင်ခြင်းလိုက်ပို့နေရင် တစ်နေကုန်သွားမှာပေါ့။ Email အစောင်အများကြီးကို တပြိုင်ထဲဘယ်လိုပို့မလဲဆိုရင် SendGrid , Aweber , GetResponse , MailChimp စတဲ့ Email Marketing Tools တွေကျွန်တော်တို့သုံးဖို့လိုတယ်။ အဲ့တာဆိုကျွန်တော်တို့ ၁ဝဝဝ ပို့မလား ၁ဝဝဝဝ ပို့မလား ကြိုက်သလောက်ပို့လို့ရပြီ။ နောက်တစ်ခု အဲ့လို Email Marketing လုပ်ဖို့အတွက် ထောင် နဲ့ သောင်း နဲ့ ချီတဲ့ Email တွေက ဘယ်ကရမလဲ…??? Marketers တွေ Bloggers တွေဟာ သူတို့ Website – Blog တွေမှာ Email Subscribe Form ကတဆင့် Email တွေစုကြတယ်။ နောက်ပြီး Online ပေါ်မှာ Email တွေ ဝယ်ရောင်းလုပ်တဲ့ Service Website တွေကလည်း ဝယ်လို့ရနိုင်တယ်။ နောက်တစ်ခုက ကိုယ်နဲ့ Industry တူတဲ့ Company တွေနဲ့ Email Exchange လုပ်လို့လဲရနိုင်တယ်။ နောက်ဆုံးတစ်ခုက Online မှာ Email Address တွေ Data Mining လုပ်တဲ့ Tools တွေလည်းရှိတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ကိုယ်နဲ့ Industry တူတဲ့ Website – Blog – Company တွေနဲ့ Email Exchange လုပ်ခြင်း၊ ပီးတော့ ကိုယ့်ရဲ့ Website – Blog တွေမှာ Email Subscribe Form ထားပြီး Email စုတာကတော့ အကောင်းဆုံးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာကိုယ့်ရဲ့ Customer ဖြစ်နိုင်ဖို့ Chance ပိုများတယ်။

Online Advertising

Advertising ဆိုတာနဲ့ လူတော်တော်များများ သိပြီးသားပါ။ Internet ပေါ်မျာ ကြော်ငြာခြင်းဖြစ်တယ်။ Offline နဲ့တော့မတူဘူးဗျ။ Offline Marketing လို Billboard , NewsPaper , journal , Flyer , TV Ads , Radio Ads တွေမှာ လိုက်ကြော်ငြာရမှာမဟုတ်ဘူး။ Online (Internet) ပေါ်မျာ ကြော်ငြာရမှာ အဲ့တာကြောင့် Internet ကို ကောင်းကောင်း အသုံးပြုတတ်ရင်ရပြီ။ ဘယ်နေရာမှာ ဘယ်လိုကြောင်ငြာမှာလဲ…??? ကြော်ငြာတဲ့နည်းလမ်းတွေ ကတော့ အများကြီးရှိတယ် PPC (Pay Per Click) , Banners , Display ဆိုပီးတော့အစားစားရှိတယ်။ PPC (Pay Per Click) ဆိုတာ ဥပမာပြောရရင် Google Adwords ပေါ့။ ကျွန်တော်တို့ Google မှာ တစ်ခုခု ရှာလိုက်ရင် အပါ် (သို့) ဘေး (သို့) အောက် တွေမှာ Ads ဆိုပီး အဝါ စာလုံးလေးနဲ့ ပြထားတာတွေတွေ့ရမှာပါ အဲ့တာ Google PPC Advertising ကြော်ငြာတွေပဲဖြစ်တယ်။ အဲ့ကြော်ငြာတွေက ဒီတိုင်း Display ပြနေတာလောက်နဲ့ ပိုက်ဆံ မကုန်ဘူး။ Click နှိပ်လိုက်မှ ပိုက်ဆံကုန်တယ်။ Click နှိပ်လိုက်ရုံနဲ့ မဟုတ်ဘူး Click နှိပ်ပြီးရင် URL bar မှာသူတို့ Code တွေ Run ပီး ကြော်ငြာထားတဲ့ Web page ကိုရောက်မှ ပိုက်ဆံပေးရတာ။ အဲ့တာကြောင့် Pay Per Click (PPC) လို့ခေါ်တာ။ အဲ့လို ကိုကြော်ငြာထားတဲ့ Web page ကိုရောက်လာတဲ့ Click အကြိမ် ဘယ်လောက်လည်း ကျသလောက်ရှင်းရုံပဲ။ Effective လည်းဖြစ်တယ်။ နောက်တစ်ခုက Banner Ads ကိုဘယ်လို ကြော်ငြာရမလဲ ဆိုရင် Internet ပေါ်မှာ ကိုယ်နဲ့ Industry တူတဲ့ Website – Blog တွေမှာ သူတို့နဲ့ ချိတ်ဆက်ပီး ကြော်ငြာခြင်းဘဲဖြစ်တယ်။ ဘယ်လိုဟာတွေကို Banner Ads လို့ခေါ်လည်းဆိုတော့ Website – Blog တစ်ခုမှာ ထိပ်ဆီး (သို့) ခါးလယ် (သို့) အောက်ခြေတွေမှာ ပေါ်တဲ့ Display Ads size အကြီးကြီးတွေကို Banner Ads လို့ခေါ်တယ်။ စျေးနှုန်းတွေကတော့ သူတို့သတ်မှတ်ထားတဲ့ အတိုင်း 1 Week Plan , 1 Month Plan အသီးသီးရှိကြတယ်။ Banner Ads ကို သေသေ ချာချာ Research လုပ်ပီး ကြော်ငြာတတ်ရင် တော်တော်ထိရောက်တဲ့နည်းလမ်းလေးပါ။ Display Ads ကတော့ တော်တော်များများသိကြပီးဖြစ်မှာပါ Banner Ads နဲ့ သိပ်မကွာဘူး။ ဘာကြောင့်လည်းဆိုတော့ Banner Ads က Display Ads အမျိုးအစားထဲကဖြစ်တယ်။ ဥပမာ Facebook ads ဆိုရင်လည်း Display Ads လို့ခေါ်လို့ရတယ်။ မြန်မာနိုင်ငံမှာ လည်း Display Ads Service Company တွေရှိပါတယ် iMyanmarAds တုိ႔ Mogok Ads တို့ပေါ့။

Web Analytics

Digital Marketers တွေတိုင်း လေ့လာတတ်မြောက်ထားသင့်ပါတယ်။ Web Analytics ဘယ်လို အလုပ်လုပ်သလဲဆို တော့ မိမိ Website – Blog – Facebook page – LinkedIn Page (ကိုသုံးနေတဲ့ Digital Marketing Platforms) အသေးစိတ် ခြေရာခံ ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်းဖြစ်တယ်။ နောက်ပြီး ကို့ရဲ့ Advertising Campaign တွေကိုလည်း Analysis လုပ်လို့ရတယ်…ကို့ရဲ့ Customer ဘယ်ကလာတာလည်း…ဘယ်နိုင်ငံကလည်း…ဘယ်အချိန်လည်း…သူတို့ ကို့ရဲ့ Website Site ရဲ့ဘယ် Page ကိုကြည့်သွားတာလည်း…အချိန်ဘယ်လောက်ကြာအောင်ကြည့်သွားတာလည်း စသည့်ဖြင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်လို့ရတယ်။ Google Analytics နဲ့ Omniture Analytics တို့ကတော့ Digital Marketer လက်စွဲ Analytics Tools တွေဖြစ်ကြတယ်။

Yangon Geek မှကူးယူ​ဖော်ပြပါသည်။

,

Android OS နဲ့ စမတ်ဖုန်း လောက ထဲကို မကြာမီ ပြန်ဝင်လာတော့မဲ့ Nokia

နန်းကျ ဘုရင်လို့ အများက သတ်မှတ်ထားတဲ့ ဖုန်းအမှတ်တံဆိပ်တစ်မျိုးဖြစ်တဲ့ Nokia ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့လူသုံးအများဆုံး Operation System ဖြစ်တဲ့ Android OS နဲ့ မိုဘိုင်း စျေးကွက်အတွင်းသို့ မကြာမီ ပြန်လည် ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Foxconn ရဲ့ထောက်ပံ့မှုကို ရယူကာထုတ်လုပ်နေတဲ့ စီးပွားရေးသုံး စမတ်ဖုန်းတစ်မျိုးကို HMD Global Oy ဆိုတဲ့ Company တစ်ခုက Nokia ရဲ့ အမည်ကိုသုံးစွဲကာ ထုတ်လုပ်သွားမှာဖြစ်ကြောင်း Microsoft Company က ကြေငြာခဲ့ပါတယ်။
HMD Company အနေနဲ့ သူတို့ထုတ်လုပ်ထားတဲ့ Smartphone များနဲ့ Tablet များကို နောက်ထပ် ဆယ်နှစ်ကျော်ကာလအထိ Nokia အမည်ကို အသုံးပြုကာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ Nokia စမတ်ဖုန်းများနဲ့ Tablet များမှာတော့ Android OS ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ HMD ရဲ့ အဆိုအရတော့ Nokia စမတ်ဖုန်းများကို ထုတ်လုပ်ဖို့အတွက် နောက်သုံးနှစ်စာအတွက်ကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီးမြှပ်နှံသွားဖို့ စီစဉ်ထားပါတယ်။ အဆိုပါ ရင်းနှီးမြှပ်နှံငွေတွေဟာ ရင်းနှီးမြှပ်သူများနဲ့ အခုနောက်ထွက်မဲ့ Nokia ရဲ့ စီးပွားရေးလုပ်ငန်းသုံး စမတ်ဖုန်းများမှ ရရှိတဲ့ အကျိုးအမြတ်များမှ ရရှိမှာဖြစ်ပါတယ်။ HMD စီစဉ်ထားတဲ့ ရင်းနှီးမြှပ်နှံငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ကို Nokia စမတ်ဖုန်းနဲ့ Tablet များခေတ်မှီမှုရှိစေရန်၊ ကြော်ငြာလုပ်ငန်းများတွင် အသုံးပြုရန်နဲ့ ရောင်းအားမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စတဲ့ နယ်ပယ်တွေအတွက် စီစဉ်ထားတာဖြစ်ပါတယ်။
Nokia ဟာ စမတ်ဖုန်းစျေးကွက်ထဲကို ပြန်လည်ထိုးဖောက်ဖို့အတွက် အစီအစဉ်ဟာ လက်ရှိအချိန်မှာတော့ သေချာသလောက်ရှိသွားပါပြီ။ Foxconn ရဲ့ အထောက်အကူ၊ HMD ရဲ့ အထောက်အကူများနဲ့ စမတ်ဖုန်းလောက Tablet လောက အတွင်းကို ပြန်လည်ထိုးဖောက်တော့မှာဖြစ်ပါတယ်။
Ref: Technologyvista
Aung Ko Htet (MMA)
#aungkohtet_mmak
Credit - Myanmar Mobile App
,

ကင်မရာနှစ်ခုပါ Huawei P9 နှင့် P9 Plus တို့ဖြင့် Leica ဓါတ်ပုံများရိုက်ကူးနိုင်စွမ်းကို ဂုဏ်ယူလိုက်ပါ။

                            
ဘယ်ဓာတ်ပုံဆရာမဆို Leica ကင်မရာရဲ့ အကောင်းဆုံးလက်ရာတွေကို အသုံးပြုဖို့ စိတ်ဝင်စားကြတာပါပဲ။ ဂျာမန်ကျွမ်းကျင်ပညာရှင်များက ပေါင်းစပ်ကာ အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေရိုက်ကူးနိုင်ဖို့ အရည်အသွေးမြင့် Leica ကင်မရာများကို ဖန်တီးထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို အရည်အသွေး ကောင်းမွန်တာ
နဲ့အညီ စျေးနှုန်းလည်းမြင့်မားလှပါတယ်။ မြင့်မားတဲ့ စျေးနှုန်းတွေကြောင့် သုံးစွဲသူတွေက တစ်ခါတစ်ရံ အားမလိုအားမရဖြစ်နိုင်သော်လည်း Leica ရဲ့ ထူးခြားတဲ့အရည်အသွေးတွေက သုံးစွဲသူတွေကို ကင်မရာစျေးနှုန်းကို မေ့နိုင်အောင် လစ်လျူရှုနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ဘယ်လိုပင်ဖြစ်ပါစေ သုံးစွဲသူတွေအတွက် Leica နဲ့ အရည်အသွေးမြင့်ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ နည်းလမ်းရှိပါသလား။ Huawei ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ P9 နဲ့ P9 Plus ကတော့ ပေးစွမ်းနိုင်ပါတယ်။ Huawei နဲ့ Leica ရဲ့ ပူးပေါင်းစွမ်းဆောင်မှုကတဆင့် P9 နဲ့ P9 Plus သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းဖုန်းတွေမှာ ပါဝင်တဲ့ ရိုးရှင်းတဲ့ ကလစ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ Leica ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဓါတ်ပုံရိုက်ကူးနိုင်စွမ်းကို သဘောကျ နှစ်သက်စေနိုင်မှာဖြစ်ပါတယ်။ 
                                         
ပြိုင်ဘက်ကင်း အရည်အသွေးနှင့် စျေးနှုန်းဖြင့် မှန်မပါ Leica Q နှင့် SL 


ဂျာမနီနိုင်ငံမှာ ၁၉၅၄ ခုနှစ်ကစပြီးတော့ Leica ကင်မရာကို 35mm ကင်မရာ စံနှုန်း အသစ်တွေကို မိတ်ဆက်ပေးဖို့ အထောက်အကူဖြစ်လာမယ့် Leica M3 မော်ဒယ်များကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀ ရာစုအစောပိုင်းမှာ ဖလင်ကင်မရာတွေ တိုးပွားလာတာတွေကို တွေ့ရမှာဖြစ်ပြီး ဒီအချိန်အတွင်းမှာပဲ Henri Cartier- Bresson လို ကမ္ဘာ့နာမည်ကျော် ဓါတ်ပုံဆရာတွေက Leica ကင်မရာတွေကို ၎င်းတို့ရဲ့ အလုပ်မှာ အသုံးပြုနေခဲ့ပါပြီ။
Lecia ကို မှန်မဲ့ ဒစ်ဂျစ်တယ်ကင်မရာအဖြစ် မကြာခင်က ပြောင်းလဲခဲ့ပါတယ်။ Leica က မှန်မဲ့ ဖရိန်ပြည့် ကင်မရာ Leica Q နဲ့ Leica SL တို့လို ကုန်ပစ္စည်းအမျိုးမျိုးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Leica Q ဟာ မှန်မဲ့ကင်မရာ ဖြစ်ပြီး 24 million pixels နှင့် Summilux ကင်မရာတို့ပါဝင်ပါတယ်။ အချို့ထူးခြားချက်တွေကတော့ ၎င်းရဲ့နက်ရှိုင်းလှတဲ့ ဖရိန်အပြည့် ကောင်းမွန်လှတဲ့ အလင်းစုနည်းပညာ၊ လေးနက်လှတဲ့ အရောင်အသွေး၊ အဖြူအမည်းဖော်ပြမှု၊ ထိတွေ့မျက်နှာပြင်နဲ့ Wi-Fi ချိတ်ဆက်နိုင်စွမ်းတို့ပဲဖြစ်ပါတယ်။ များပြားလှတဲ့ ဒီထူးခြားချက်တွေဟာ Leica ကို အမြဲတမ်းကောင်းမွန်တဲ့ လက်ရာတစ်ခုဖြစ်စေတဲ့ ခိုင်လုံတဲ့အကြောင်းရင်းတွေပါပဲ။ Leica ဟာ ပထမတန်းစားဖြစ်ပြီး ၎င်းရဲ့ သယ်ဆောင်ရလွယ်ကူတဲ့ အရွယ်အစားကလည်း စျေးကွက်အတွင်းမှာ ကောင်းမွန်တဲ့ ကောင်းကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ 
ဒါ့အပြင် Leica SL မှာ ဖရိန်အပြည့် ပြောင်းလဲနိုင်စွမ်းရှိတဲ့ မှန်ဘီလူးနဲ့ အရည်အသွေးမြင့် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးရဲ့ ထူးခြားချက်တွေကို ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြထားပါတယ်။ Leica Q ကဲ့သို့ Leica SL မှာ 24 million pixels ပါသော်လည်း ၎င်းတို့က ရုပ်ပုံတွေကို 30 million pixels ထက်ပိုအောင် အရည်အသွေးမြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ အထက်ပါ အချက်တွေအပြင် ၎င်းရဲ့တုန့်ပြန်နှုန်းကလည်း တစ်စက္ကန့်ကို ဓါတ်ပုံ ၁၁ ပုံရိုက်ကူးနိုင်အောင် မြန်နှုန်းမြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ Leica ရဲ့ အရည်သွေးမြင့် ထူးခြားချက်တွေက ၎င်းရဲ့ထူးခြားပြီး ပြိုင်ဖက်ကင်းအရည်အသွေးတွေကို နှစ်ဆ တိုးစေကာ စျေးကြီးတဲ့ ကင်မရာဆက်စပ်ပစ္စည်းတွေကို သုံးစရာမလိုဘဲ ဓါတ်ပုံတွေကို ပညာရှင်ဆန်ဆန် ရိုက်ကူးစေနိုင်မှာ ဖြစ်ပါတယ်။
စမတ်ဖုန်းများတွင် တပ်ဆင်ထားသည့် Leica

Leica နဲ့ စမတ်ဖုန်းထုတ်လုပ်သူ Huawei တို့အကြား ပေါင်းစပ်မှုတွေကြောင့် Huawei ရဲ့ အဆင့်မြင့် စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ P9 နဲ့ P9 Plus ရဲ့ နည်းပညာဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေက Leica အမှတ်တံဆိပ်နဲ့ ပူးပေါင်းပြီး အဆင့်မြင့်ထားတဲ့ ကင်မရာနည်းပညာကို ဂုဏ်ယူဝ့ံကြွားစွာ ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေ Leica ဟာ ၎င်းရဲ့ ဒစ်ဂျစ်တယ် ကိရိယာ ထုတ်လုပ်နိုင်စွမ်းကို ကျယ်ဖြန့်နိုင်သလို ကမ္ဘာ့ နံပါတ် ၃ အဆင့်ရှိ စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာလည်း ၎င်းရဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။


P9 နှင့် P9 Plus မှာ 12 million pixels နှင့် 27mm မြင်ကွင်းထောင့်ပါဝင်တဲ့ F22 မှန်ဘီလူးနှစ်ခုပါ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ စိတ်ဝင်စားဖွယ် အချက်တစ်ခုကတော့ Leica ရဲ့ အဖြူအမည်း အနေအထားမှာ အရောင်အသွေး နယ်ပယ်ကို Huawei P9 နှင့် P9 Plus မှာ ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ P9 နှင့် P9 Plus သုံးစွဲသူတွေကို ရောင်စုံနှင့်ကော အဖြူအမည်းနှင့်ပါ ဓာတ်ပုံရိုက်ကူးနိုင်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာလည်း အရည်အသွေး အဖြူအမည် ဓာတ်ပုံတွေကို အာမခံချက်တစ်ရပ်ပေးနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ဖုန်းထဲမှာ အဖြူအမည်းရုပ်ပုံတွေအတွက် အထူးပြုလုပ်ချက်တွေ ဖန်တီးစရာ မလိုတော့ပါဘူး။ ဒါ့အပြင် သုံးစွဲသူတွေဟာ မှန်ဘီလူး နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖို့ ကြိုးစားပါက သူ သို့မဟုတ် သူမဟာ အဖြူအမည်း ဆင်ဆာကနေ အလင်း တောက်ပမှု နှင့် အရောင်အသွေး ခြားနားချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ သုံးစွဲသူကို အရောင်အသွေး ပိုမိုကြွယ်ဝတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ 
                                                                        
ဒါ့အပြင် P9 မှာပါဝင်တဲ့ 5.2” အရွယ် Full HD မျက်နှာပြင်မှာ Hollywood ရုပ်ရှင် အရောင်အသွေးတွေကို အသုံးပြုထားပြီး မျက်နှှာပြင် ရောင်ခြည်ဝန်းရဲ့ ၉၆ ရာခိုင်နှုန်းကို နေရာယူထားနိုင်ရန် ပြုလုပ်ပေးပါသည်။ 12MP မှန်ဘီလူးနှစ်ခုပါ ကင်မရာရဲ့ထူးခြားချက်က RGB နှင့် BW ဆင်ဆာများ ဖြစ်တဲ့အပြင် လေဆာ အကူ အလင်းစုရပ်လည်း ဖြစ်ပါတယ်။ ၎င်းတို့က ကင်မရာကို ယခင်ကထက် ၂ဆပိုပြီး လှုံ့ဆော်ပေးကာ အသေးစိတ်တိကျမှုကို ၃ဆပို၍ ပံ့ပိုးပေးပါတယ်။ Huawei ရဲ့ နောက်ဆုံးထွက် Kirin 955 chipset နဲ့ ဖွဲ့စည်းထားတဲ့ P9 ဟာ TSMC 16nm FinFET Plus chip နည်းပညာကို အခြေခံထားတာ ဖြစ်ပါတယ်။ CPU စွမ်းဆောင်ရည်က P8 ထက် ၁ဆခန့် ပိုမြန်လာပြီး 3D ဂရပ်ဖစ်ကို ၁.၂၅ဆ တိုးမြှင့်ပေးထားပါတယ်။ Android Marshmallow 6.0 ဗားရှင်းဖြစ်ကာ P9 မှာ သုံးစွဲသူ လွယ်ကူစွာအသုံးပြုနိုင်သော လုပ်ဆောင်ချက်များစွာပါဝင်တဲ့ Huawei Emotion UI 4.1 interface ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် P9 ဟာ နောက်ဆုံးပေါ် Type-C Connector နည်းပညာကိုလည်း ပံ့ပိုးပေးပါတယ်။ Leica ရဲ့ အဖြူအမည်း ဓာတ်ပုံနည်းပညာအပြင် အခြား ကင်မရာ လုပ်ဆောင်ချက်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် Huawei P9 ဟာ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်တဲ့အပြင် P9 စမတ်ဖုန်းမှာ ပါရှိလာတဲ့ အကောင်းဆုံးကင်မရာတွေထဲက တစ်ခုလည်း ပါဝင်ပါတယ်။ လှုပ်ရှားမှုနှုန်းထားလည်း ကောင်းမွန်လာပြီး (HDR ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ) အရောင်အသွေးမှာလည်း စုံလင်ကြွယ်ဝကာ ကင်မရာကလည်း အကောင်းဆုံးအရည်အသွေးနဲ့ အသေးစိတ်ကျကျ ရိုက်ကူးပေးနိုင်ပါတယ်။ Leica မှာ Standard, Vivid နဲ့ Smooth စတဲ့ အထူးပြုလုပ်ချက် သုံးခုပါဝင်ပြီး ရုပ်ပုံတွေကို Instagram မှာ ပါရှိတဲ့အရောင်တွေအတိုင်း ရိုက်ကူးနိုင်ရန် လုပ်ဆောင်ပေးပါတယ်။

အကောင်ဆုံး ကင်မရာ လက်ရာမွန် Leica

Ernst Leitz ရဲ့ မျိုးရိုးနာမည်က ပထမစာလုံး သုံးလုံး Lei နှင့် ကင်မရာရဲ့ အရှေ့စာလုံး နှစ်လုံး ca တို့ကို ပေါင်းစပ်လိုက်ရာက Leica လို့ အမည် ပေးထားခြင်း ဖြစ်ပါတယ်။ ပထမဆုံး 35mm ဖလင် Leica မူလပုံစံကို ၁၉၁၃ခုနှစ် Ernst Leitz Optische Werke၊ Wetzlar မှာ Oskar Barnack က ဖန်တီးဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ တောင်တန်းခရီးတွေ သွားလာစဉ် ရိုက်ကူးနိုင်ဖို့ မြင်ကွင်းကျယ် ဓာတ်ပုံပညာအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး Leica ရဲ့ ပထမဆုံး 35mm ကင်မရာမှာ ရုပ်ရှင် စံနှုန်း 35 mm ဖလင်ကို အသုံးပြုခဲ့ပါတယ်။ Leica က ဖလင်ကို အလျားလိုက် ပို့ဆောင်ပေးပြီး ဖရိန်ဆိုဒ်ကို ဒေါင်လိုက် ပို့ဆောင်ပေးတဲ့ ရုပ်ရှင် ကင်မရာများရဲ့ 18×24 mm အစား 2:3 အချိုးနှုန်းဖြင့် 24×36mm အထိ ထပ်တိုးပေးရပါတယ်။
 ၁၉၃ဝခုနှစ်မှာ Leica I Schraubgewinde ကို မိတ်ဆက်ပြသခဲ့တာကို မြင်တွေ့ခဲ့ရပြီး "Leica Thread Mount" ဒါမှမဟုတ် LTM လို့လည်း ညွှန်းခေါ်ခဲ့ကြပါတယ်။ ဒါဟာ 39mm အချင်းရှိတဲ့ ဝက်အူမြောင်းကို အခြေခံထားတဲ့ ပြောင်းလဲနိုင်စွမ်းရှိတဲ့ မှန်ဘီလူးစနစ်ပါ ကင်မရာ ဖြစ်ပါတယ်။ ပုံမှန်မှန်ဘီလူး 50mm၊ ထောင့်ကျယ် 35mm နဲ့ တယ်လီဖိုတို မှန်ဘီလူး 135mm ကိုလည်း ရရှိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ၁၉၃၀ အလယ်တွင် ထူးခြားတဲ့ မှန်ဘီလူး Thambar 90mm f/2.2 ကို ဖန်တီးခဲ့ပြီး ၁၉၃၅ မှ ၁၉၄၉ အတွင်း အရေအတွက် ၃ဝဝဝအထက် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ယနေ့မှာတော့ ဒီကင်မရာဟာ ထူးခြားပစ္စည်းစုဆောင်းမှု စာရင်းထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။
၁၉၃၂ခုနှစ်မှာ အကွာအဝေးခန့်မှန်းကိရိယာပါရှိလာပြီး မှန်ဘီလူးက နည်းစနစ်ကျကျ အလင်းစုတတ်လာတဲ့ Leica II ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီမော်ဒယ်မှာ သီးသန့် viewfinder (လျှော့ချထားတဲ့ ရုပ်ပုံတွေကိုပြသခြင်း)နဲ့ အကွာအဝေးခန့်မှန်းကိရိယာတို့ ပါဝယ်ပါတယ်။ ၁၉၃၂ခုနှစ်မှာ ပထမဆုံး ပြီးပြည့်စုံအောင်ပြုလုပ်ထားတဲ့ Leica မော်ဒယ်လ်စီနဲ့ လာမယ့်နှစ်တွေအတွက် Leica စံနှုန်းတွေအတွက် ဖလင်ပြားရဲ့ နှုတ်ခမ်းစွန်းတွေကို 28.8 mm အထိ စံနှုန်းသတ်မှတ်ခဲ့ပါတယ်။ Leica III ဟာ Slow Shutter မြန်နှုန်းကို ၁ စက္ကန့်အထိ လျှောချခဲ့ပြီး IIIa မော်ဒယ်မှာတော့ ၁/၁၀၀၀ စက္ကန့် Shutter မြန်နှုန်းကို ပေါင်းထည့်ခဲ့ပါတယ်။ IIIa ဟာ Barnarck မသေမီ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး မော်ဒယ်ဖြစ်တာကြောင့် သူအပြည့်အဝ တာဝန်ယူထားတဲ့ နောက်ဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။ ၁၉၅၇ မှာ Leitz က မူလဒီဇိုင်းကို ဆက်လက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ဗားရှင်း IIIg မှာ ဖရိန်လိုင်းများစွာနဲ့ ကြီးမားတဲ့ viewfinder ပါရှိလာခဲ့ပါတယ်။ ဒီမော်ဒယ်အားလုံးမှာ စက်ဝိုင်းပုံ ဒိုင်ခွက်များနဲ့ လေးထောင့်ကျကျ အပေါက်ငယ်များကို လက်တွေ့ကျကျ ပေါင်းစပ်ထားပါတယ်။ 

                                                                                - End   -

What's Trending?

Text Widget 2

Powered by Blogger.

Translate

Popular Posts