နန်းကျ ဘုရင်လို့ အများက သတ်မှတ်ထားတဲ့ ဖုန်းအမှတ်တံဆိပ်တစ်မျိုးဖြစ်တဲ့ Nokia ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့လူသုံးအများဆုံး Operation System ဖြစ်တဲ့ Android OS နဲ့ မိုဘိုင်း စျေးကွက်အတွင်းသို့ မကြာမီ ပြန်လည် ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Foxconn ရဲ့ထောက်ပံ့မှုကို ရယူကာထုတ်လုပ်နေတဲ့ စီးပွားရေးသုံး စမတ်ဖုန်းတစ်မျိုးကို HMD Global Oy ဆိုတဲ့ Company တစ်ခုက Nokia ရဲ့ အမည်ကိုသုံးစွဲကာ ထုတ်လုပ်သွားမှာဖြစ်ကြောင်း Microsoft Company က ကြေငြာခဲ့ပါတယ်။
HMD Company အနေနဲ့ သူတို့ထုတ်လုပ်ထားတဲ့ Smartphone များနဲ့ Tablet များကို နောက်ထပ် ဆယ်နှစ်ကျော်ကာလအထိ Nokia အမည်ကို အသုံးပြုကာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ Nokia စမတ်ဖုန်းများနဲ့ Tablet များမှာတော့ Android OS ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ HMD ရဲ့ အဆိုအရတော့ Nokia စမတ်ဖုန်းများကို ထုတ်လုပ်ဖို့အတွက် နောက်သုံးနှစ်စာအတွက်ကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီးမြှပ်နှံသွားဖို့ စီစဉ်ထားပါတယ်။ အဆိုပါ ရင်းနှီးမြှပ်နှံငွေတွေဟာ ရင်းနှီးမြှပ်သူများနဲ့ အခုနောက်ထွက်မဲ့ Nokia ရဲ့ စီးပွားရေးလုပ်ငန်းသုံး စမတ်ဖုန်းများမှ ရရှိတဲ့ အကျိုးအမြတ်များမှ ရရှိမှာဖြစ်ပါတယ်။ HMD စီစဉ်ထားတဲ့ ရင်းနှီးမြှပ်နှံငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ကို Nokia စမတ်ဖုန်းနဲ့ Tablet များခေတ်မှီမှုရှိစေရန်၊ ကြော်ငြာလုပ်ငန်းများတွင် အသုံးပြုရန်နဲ့ ရောင်းအားမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စတဲ့ နယ်ပယ်တွေအတွက် စီစဉ်ထားတာဖြစ်ပါတယ်။
Nokia ဟာ စမတ်ဖုန်းစျေးကွက်ထဲကို ပြန်လည်ထိုးဖောက်ဖို့အတွက် အစီအစဉ်ဟာ လက်ရှိအချိန်မှာတော့ သေချာသလောက်ရှိသွားပါပြီ။ Foxconn ရဲ့ အထောက်အကူ၊ HMD ရဲ့ အထောက်အကူများနဲ့ စမတ်ဖုန်းလောက Tablet လောက အတွင်းကို ပြန်လည်ထိုးဖောက်တော့မှာဖြစ်ပါတယ်။
Ref: Technologyvista
Aung Ko Htet (MMA)
#aungkohtet_mmak
Credit - Myanmar Mobile App
0 comments:
Post a Comment