Tuesday, October 11, 2016
တက္ကသိုလ်နှင့်ကောလိပ်ကျောင်းသား၊ ကျောင်းသူများအတွက် စွမ်းရည် Project ပြိုင်ပွဲ ကျင်းပမည်
Friday, September 23, 2016
Total F&N Food and Beverage Portfolio ျပပြဲ
Wednesday, August 3, 2016
100Plus မှ စပွန်ဆာပေးထားသော MFF U-14 အမျိုးသား 100PLUS Super Cup 2016 ၏နောက်ဆုံးအရေးပါသောအောင်ပွဲရောက်ရှိခဲ့ပြီ
100PLUS Super Cup 2016 ဆုပေးပွဲအခမ်းအနားနှင့်ဖိုင်နယ်ဘောလုံးပြိုင်ပွဲသို့ ဒေါက်တာမျိုးသိန်းကြီး(ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ဦးကျော်စွာသွင်(ပညာရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး)၊ Mr. Freddy Oh(Countrty Manager of F&N Foods Myanmar)၊ Mr. Prapas Rattanas(Marketing Head of F&N) တို့နှင့် နိုင်ငံခြားမှကိုယ်စားလှယ်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။
Monday, June 13, 2016
What is Digital Marketing
Digital Marketing ဆိုတာ တစ်နည်းအားဖြင့် Internet Marketing (သို့) Online Marketing (သို့) IT နည်းပညာဖြင့်စျေးကွက်ထိုးဖေါက်ခြင်း (သို့) ၂၁ ရာစု ခေတ်သစ်စျေးကွက်ရှာဖွေထိုးဖေါက်ခြင်း စနစ်လို့ လည်းခေါ်ကြတယ်။ နိုင်ငံခြားမှာသုံးနေတာ ၁ဝ စုနှစ် ၂ ခုကျော်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံ မှာတော့ Digital Marketing ဟာ ၂ဝ၁၅ ခုနှစ် လောက်ကစပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာတွေ့ရတယ်။
ဘယ်လိုအလုပ်မျိုးလဲဆိုတော့ Digital Marketing က Traditional Marketing နဲ့ မတူဘူး ပိုက်ဆံ အများကြီး သုံးပီးဂျာနယ်တွေ သတင်းစာတွေ TV program တွေ Billboard တွေ လက်ကမ်းစာစောင်တွေ မှာကြာ်ငြာ စရာ လည်းမလိုဘူး၊ တနေကုန် နေရာတကာ လျောက်သွားပြီး Marketing ဆင်းနေစရာမလိုဘူး ၊ လျှာညောင်းနေအောင် စကားပြောစရာလည်းမလိုဘူး Computer နဲ့ Internet ရှိရင် အလုပ်လုပ်လို့ရတယ်။
Digital Marketing ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့
Website and Blog
Search Engine Optimization (SEO)
Search Engine Marketing (SEM)
Social Media Optimization (SMO)
Social Media Marketing (SMM)
Content Marketing
Email Marketing
Online Advertising
Web Analytics
စတဲ့ Digital Marketing Methods တွေနဲ့ဖွဲ့စည်းထားတယ်။ Digital Marketing နယ်ပယ်မှာ ဝင်လုပ်ဖို့ အဲ့တာတွေ အကုန် နားလည် တတ်မြောက်ထားစရာမလိုပါဘူး။ Digital Marketing မှာလည်းသူ့ Sector နဲ့သူရှိပါတယ်။
Search Engine Optimization and Marketing (SEO / SEM)
Social Media Optimization and Marketing (SMO / SMM)
Online Advertising
Content Marketing
Email Marketing
စတဲ့အပိုင်း ၅ ပိုင်းရှိတယ်။ အဲ့ဒီ ၅ မျိုးမှာ ကိုယ်က ၁ မျိုးဘဲ Specialist တတ်ထားတယ်ဆိုရင် လည်း ရတယ်။ သို့မဟုတ် အကုန်လုံး တတ်မြောက်ထားမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကို့အတွက် အလုပ်လုပ်တဲ့ အခါ Chance ပိုများပြီး ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။
ပြီးတော့ အပေါ်က Digital Marketing မှာပါတဲ့ အချက်တွေနဲ့ Sectors တွေကိုအောက်မှာ အသေးစိတ် ပြန်ရှင်းပြထားတယ်…
Website and Blog
Digital Marketing မှာတော့ အရေးကြီးဆုံး ၊ အရေးပါဆုံးလို့ပြောလို့ရတယ်။ Website နဲ့ Blog တွေဟာ မရှိမဖြစ်တွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က Internet မှာ စျေးကွက်ရှာဖွေထိုးဖေါက်တော့မယ်ဆို ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ဝန်ဆောင်မှုတွေ ဟာလဲ Internet ပေါ်မှာရှိနေဖို့လိုပါတယ်။ Internet ပေါ်မှာ စက်ရုံဆောက်ရမယ်လို့ပြောတာမဟုတ်ပါဘူး မိမိတို့ရဲ့ လုပ်ငန်းအကြောင်းတွေကို Internet ပေါ်မှာ Website (သို့) Blog ရေးခြင်း လုပ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းတွေဖေါ်ပြထားရမယ် ဘာလုပ်တယ် ဘယ်လိုလုပ်တယ်ဆို တာကအစ အသေးစိတ်လုပ်ထားရမယ်။ ဒါမှဘဲ ပြည်တွင်း ပြည်ပ က New Customer တွေက ကို့ရဲ့လုပ်ငန်း အကြောင်းကို ကိုယ့်ရဲ့စက်ရုံ (သို့) ရုံးခန်း သို့လာစရာမလိုဘဲ Internet ပေါ်မှာတင် လွယ်လွယ် ကူကူ ဝင်ရောက် ရှာဖွေ ချိတ်ဆက်နိုင်မှာဖြစ်တယ်။
Search Engine Optimization and Marketing (SEO / SEM)
SEO / SEM လည်းပဲ Digital Marketing မှာ အရေးကြီးတဲ့ Sector တစ်ခု အဖြစ်ပါဝင်နေတယ်။ Search Engine Optimization ဆိုတဲ့အတိုင်း SEO ဟာ မိမိတို့လိုချင်တဲ့ Keywords (သို့) Search Engine တွေရဲ့ Search Box မှာ ရိုက်ပီးရှာတဲ့ စကားစု တွေကိုရှာလိုက်ရင် ကို့ရဲ့ Website Page – Blog Page တွေကို အပေါ် ထိပ်ဆုံးရောက်အောင် တွန်းပို့ လုပ်ဆောင်တဲ့လုပ်ငန်းဖြစ်တယ်။ အဲလို ကို့ရဲ့ Website – Blog ကအပေါ်ဆုံးမှာရှိနေရင် ရှာတဲ့လူက အလွယ်တကူ ကို့ရဲ့Website – Blog ကိုလွယ်လွယ်ကူကူ မြင်နိုင်တာပေါ့။ ဘာကြောင့် အဲ့လိုလုပ်ရတာလဲဆိုတော့ Google, Bing, Yahoo etc., စတဲ့ Search Engine တွေမှာ တစ်နေ့ ကို Search လုပ်တဲ့အကြိမ်အရေအတွက်ပေါင်း Billion နဲ့ချီပီး ရှာဖွေကြတယ် အဲ့ဒီအထဲမှာ သင့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ဟာတွေလည်း အများကြီးပါတယ်။ ကို့ရဲ့ Website – Blog ကအပေါ်ဆုံးကိုရောက်နေရင် ကို Customers များများရဖို့ Chance ပိုများတာပေါ့။
နောက်တစ်ခုက Search Engine Marketing (SEM) ကဘာလဲဆိုတော့ သူက SEO နဲ့ Pay Per Click (PPC) ခေါ် ပိုက်ဆံပေးပြီးတော့ Search Engine (Google, Bing, Yahoo) တွေမှာ ကြော်ငြာတဲ့ နည်းလမ်းတွေပါဝင်တယ်။ SEO ကအပေါ်မှာရှင်းပြထားပီးဖြစ်တယ်။ SEM ကို PPC လို့ခေါ်ရင်ပိုမှန်မယ်ထင်တယ်။ SEM မှာ PPC Role ကဘာလုပ်လဲ ဆိုရင် Search Engine တွေမှာ လူတွေ Search လုပ်ကြတဲ့ Keywords တွေ (သို့) သင်ကြိုက်နှစ်သက်တဲ့ Keywords တွေကို ပိုက်ဆံပေးပြီး ကြော်ငြာလုပ်ခြင်းဖြစ်တယ်။ PPC က မိမိ Website page – Blog page ကို SEO လုပ်စရာ မလိုဘဲ ပိုက်ဆံပေးပြီး Searh Engine တွေရဲ့ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာ ကြော်ငြာ ခြင်း ဖြစ်တယ်။ ကြော်ငြာက ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာပေါ်တာတွေက ကြော်ငြာအတွက် မိမိတို့ သုံးတဲ့ ပိုက်ဆံပေါ်မူတည်တယ်။
Social Media Optimization and Marketing (SMO / SMM)
Micro Blog ခေါ် Social Media လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တယ်။ Digital Marketing မှာ SMO / SMM တို့ကလည်း မရှိမဖြစ်ပါ။ ဘာကြောင့်လည်းဆိုတော့ Social Media တွေကိုလူတိုင်းနီးပါး သုံးနေကြပါပြီ။ ထို့ကြောင့် အဲ့လို လူတိုင်းနီးပါးအသုံးပြုနေကြတဲ့ Social Media တွေမှာ Marketing လုပ်ဖို့ဆိုတာ လွယ်လည်း လွယ်ကူသလို ROI (Return on Investment) ကလည်း တော်တော်အခြေအနေကောင်းတယ်လို့ပြောရမယ်။ Digital Marketing အတွက်ကတော့ မရှိမဖြစ်ထဲကတစ်ခုပေါ့။ Digital Marketers တွေအများဆုံး အသုံးပြုကြတဲ့ ဟာတွေကတော့
1. Facebook (All in One)
2. Google Plus (All in One)
3. Twitter (All in One)
4. LinkedIn (Business)
5. Pinterest (Photo)
6. Flickr (Photo)
7. Youtube (Video)
တို့ဖြစ်ကြတယ်။ တကယ်တန်းချရေးမယ်ဆို အများကြီးရှိပါတယ်။ အခု ၇ မျိုးကတော့ Influence ဖြစ်တဲ့ Social Media တွေဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင် Facebook နဲ့ Youtube ကတော့အကောင်းဆုံးပေါ့။ ကဲ့ဟုတ်ပီ ဘယ်လို SMO / SMM လုပ်မှာလည်းဆိုတော့ Social Media အများစုက Free ဖြစ်တယ်၊ အသုံးပြုရလွယ်ကူတယ်။ ဘယ်လို Marketing လုပ်ကြမလဲဆိုရင် Website – Blog တွေလိုဘဲ မိမိ လုပ်ငန်းတွေအတွက် Business Page တွေ တည်ဆောက်ထားဖို့လိုမယ်။ တည်ဆောက်ထားရုံနဲ့မပြီးဘူး Profile image – Cover image – Description – Contact – Link တွေကိုထည့်ပြီး Optimization တွေလုပ်ရမယ်။ ပြီးရင် ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ Contents တွေ Post တွေ တင်ထားမယ် ပြီးရင် တစ်ပါတ် ၂ ခါ ၃ ခါလောက် ကို့ လုပ်ငန်းအကြောင်းကို Pitch Post အဖြစ်ထည့်ရေးရမယ်။ အဲ့လိုလွယ်လွယ်ကူကူ Social Media တွေမှာ Marketing လုပ်လို့ရတယ်။ နောက်ပြီးတော့ ပိုက်ဆံ နည်းနည်း သုံးပြီး Target Customer များများ ကို ရောက်ရှိစေနိုင်တာကလည်း Social Media တွေရဲ့ အဓိကအားထားစရာ ဖြစ်နေတယ်။ တကယ်လို့ Social Media Specilist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ Facebook, Youtube မှမဟုတ်ဘူး ကျန်တဲ့ Social Network sites တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည် အသုံးပြု တတ်ဖို့လိုမယ်။
Content Marketing
Content Marketing ကလည်း Digital Marketing ထဲက Sector တစ်ခုပါဝင်ပါတယ်။ Content Marketing ဟာသူ တစ်ခုထဲ ရပ်တည်လို့မရဘူး Website , Blog , Social Media တွေနဲ့ တွဲသုံးရမှာဖြစ်တယ်။ Content Marketing လို့ ဆိုရာတွင် Articles , Photos , Document , Video , PDF , Text , Audio စတဲ့ Materials တွေပါဝင်ပါတယ်။ ဘယ်လို အလုပ် လုပ်လဲဆိုတော့ အရင်ဆုံး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက် သက်ဆိုင်တဲ့ Contents တွေကို ဖန်တီးရမယ်။ အဲ့လိုဖန်တီးရာမှာလည်း ဖြစ်သလို လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Digital Marketing မှာ Contents Effect ဟာ အရမ်း Influence ဖြစ်တယ် အရေးပါတယ်။ Digital Marketer အများစုဟာ သူတို့ရဲ့ အလုပ်ရဲ့အချိန် ထက်ဝက်ကို Contents ဖန်တီးဖို့ အသုံးပြုလေ့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ Contents ဟာ အလွန် အရေးကြီးမှန်း သူတို့သိတာကိုးဗျ။ အဲ့တာကြောင့် Contents ကို ဖန်တီးရာမှာ Quantity ထက် Quality ရှိဖို့ အရေးကြီးတယ်။ Articles ဆိုလည်း ဖြစ်သလို မရေးဘဲ သေသေချာချာ ရေးရမယ်။ ထို့အတူဘဲ Photos , Document , Video , PDF , Presentation ဖန်တီးရာမှာ ဖြစ်သလိုမဟုတ်ဘဲ Unique ဖြစ်စေဖို့ ကောင်းကောင်း မွန်မွန် သေသေချာချာ Create လုပ်ဖို့ လိုတယ်။ Contents တွေ Create လုပ်ပြီးသွားရင် ကျွန်တော်တို့ စပြီး Promote လုပ်ဖို့ ဘာလုပ်ရမလည်းဆိုရင် နီးစပ်ရာသူငယ်ချင်းတွေ ကို ပြန် Share မယ်၊ ကို့ရဲ့အသိမိတ်ဆွေထဲက Web ပေါ်မှာ Influence ဖြစ်တဲ့ သူတွေကတစ်ဆင့် Share ရမယ်။ ပီးရင် Content အလိုက် ဆိုင်ရာဆိုင်ရာ Social Media တွေမှာလိုက် Promote လုပ်ရမယ်။ ဥပမာ Video ဆိုရင် Youtube , DailyMotion စတဲ့ Video Social Media တွေမှာ Promote လုပ်ရမယ်။ Presentation ဆိုရင် SlideShare , SlideShow စတဲ့ Presentation Social Media တွေမှာ Promote လုပ်ရမယ်။ အဲ့တာတွေကို Content Marketing လုပ်ခြင်းလို့ခေါ်တယ်။
Email Marketing
Email Marketing ကိုလည်း Digital Marketer တွေတော်တော်များများ အသုံးပြုကြတယ်။ တကယ်တမ်း သုံးတတ် ရင် တော်တော်ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီးတော့ ကို့ရဲ့ လုပ်ငန်းအကြောင်းကို Pitch လုပ်ဖို့အကောင်းဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ Email Marketing ဘယ်လို အလုပ်လုပ်လဲ…??? Email လို့ဆိုလိုက်တာနဲ့ လူတော်တော် များများသိကြပြီးဖြစ်မှာပါ…ဟုတ်ပီ အဲ့တာဆို ဘယ်လို Marketing လုပ်မလဲဆိုတော့ လွယ်လွယ်လေးပါ ကိုယ့် Email Account လေးဖွင့် ကိုပို့ချင်တဲ့စာလေးရေး ပီးရင်ပို့လိုက်ရုံပေါ့။ အဲ့လိုလုပ်ရတာတော့ မှန်ပါတယ်…ဒါပေမဲ့ Email တစ်စောင် နှစ်စောင်ဆိုရင် အဆင်ပြေတာပေါ့ဗျ ကျွန်တော်တို့က Email Marketing လုပ်တာဆိုတော့ Email အစောင် ရာ နဲ့ ထောင် နဲ့ ချီပီး ပို့ရတာဗျ။ အဲ့လို ၁ စောင်ခြင်းလိုက်ပို့နေရင် တစ်နေကုန်သွားမှာပေါ့။ Email အစောင်အများကြီးကို တပြိုင်ထဲဘယ်လိုပို့မလဲဆိုရင် SendGrid , Aweber , GetResponse , MailChimp စတဲ့ Email Marketing Tools တွေကျွန်တော်တို့သုံးဖို့လိုတယ်။ အဲ့တာဆိုကျွန်တော်တို့ ၁ဝဝဝ ပို့မလား ၁ဝဝဝဝ ပို့မလား ကြိုက်သလောက်ပို့လို့ရပြီ။ နောက်တစ်ခု အဲ့လို Email Marketing လုပ်ဖို့အတွက် ထောင် နဲ့ သောင်း နဲ့ ချီတဲ့ Email တွေက ဘယ်ကရမလဲ…??? Marketers တွေ Bloggers တွေဟာ သူတို့ Website – Blog တွေမှာ Email Subscribe Form ကတဆင့် Email တွေစုကြတယ်။ နောက်ပြီး Online ပေါ်မှာ Email တွေ ဝယ်ရောင်းလုပ်တဲ့ Service Website တွေကလည်း ဝယ်လို့ရနိုင်တယ်။ နောက်တစ်ခုက ကိုယ်နဲ့ Industry တူတဲ့ Company တွေနဲ့ Email Exchange လုပ်လို့လဲရနိုင်တယ်။ နောက်ဆုံးတစ်ခုက Online မှာ Email Address တွေ Data Mining လုပ်တဲ့ Tools တွေလည်းရှိတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ကိုယ်နဲ့ Industry တူတဲ့ Website – Blog – Company တွေနဲ့ Email Exchange လုပ်ခြင်း၊ ပီးတော့ ကိုယ့်ရဲ့ Website – Blog တွေမှာ Email Subscribe Form ထားပြီး Email စုတာကတော့ အကောင်းဆုံးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာကိုယ့်ရဲ့ Customer ဖြစ်နိုင်ဖို့ Chance ပိုများတယ်။
Online Advertising
Advertising ဆိုတာနဲ့ လူတော်တော်များများ သိပြီးသားပါ။ Internet ပေါ်မျာ ကြော်ငြာခြင်းဖြစ်တယ်။ Offline နဲ့တော့မတူဘူးဗျ။ Offline Marketing လို Billboard , NewsPaper , journal , Flyer , TV Ads , Radio Ads တွေမှာ လိုက်ကြော်ငြာရမှာမဟုတ်ဘူး။ Online (Internet) ပေါ်မျာ ကြော်ငြာရမှာ အဲ့တာကြောင့် Internet ကို ကောင်းကောင်း အသုံးပြုတတ်ရင်ရပြီ။ ဘယ်နေရာမှာ ဘယ်လိုကြောင်ငြာမှာလဲ…??? ကြော်ငြာတဲ့နည်းလမ်းတွေ ကတော့ အများကြီးရှိတယ် PPC (Pay Per Click) , Banners , Display ဆိုပီးတော့အစားစားရှိတယ်။ PPC (Pay Per Click) ဆိုတာ ဥပမာပြောရရင် Google Adwords ပေါ့။ ကျွန်တော်တို့ Google မှာ တစ်ခုခု ရှာလိုက်ရင် အပါ် (သို့) ဘေး (သို့) အောက် တွေမှာ Ads ဆိုပီး အဝါ စာလုံးလေးနဲ့ ပြထားတာတွေတွေ့ရမှာပါ အဲ့တာ Google PPC Advertising ကြော်ငြာတွေပဲဖြစ်တယ်။ အဲ့ကြော်ငြာတွေက ဒီတိုင်း Display ပြနေတာလောက်နဲ့ ပိုက်ဆံ မကုန်ဘူး။ Click နှိပ်လိုက်မှ ပိုက်ဆံကုန်တယ်။ Click နှိပ်လိုက်ရုံနဲ့ မဟုတ်ဘူး Click နှိပ်ပြီးရင် URL bar မှာသူတို့ Code တွေ Run ပီး ကြော်ငြာထားတဲ့ Web page ကိုရောက်မှ ပိုက်ဆံပေးရတာ။ အဲ့တာကြောင့် Pay Per Click (PPC) လို့ခေါ်တာ။ အဲ့လို ကိုကြော်ငြာထားတဲ့ Web page ကိုရောက်လာတဲ့ Click အကြိမ် ဘယ်လောက်လည်း ကျသလောက်ရှင်းရုံပဲ။ Effective လည်းဖြစ်တယ်။ နောက်တစ်ခုက Banner Ads ကိုဘယ်လို ကြော်ငြာရမလဲ ဆိုရင် Internet ပေါ်မှာ ကိုယ်နဲ့ Industry တူတဲ့ Website – Blog တွေမှာ သူတို့နဲ့ ချိတ်ဆက်ပီး ကြော်ငြာခြင်းဘဲဖြစ်တယ်။ ဘယ်လိုဟာတွေကို Banner Ads လို့ခေါ်လည်းဆိုတော့ Website – Blog တစ်ခုမှာ ထိပ်ဆီး (သို့) ခါးလယ် (သို့) အောက်ခြေတွေမှာ ပေါ်တဲ့ Display Ads size အကြီးကြီးတွေကို Banner Ads လို့ခေါ်တယ်။ စျေးနှုန်းတွေကတော့ သူတို့သတ်မှတ်ထားတဲ့ အတိုင်း 1 Week Plan , 1 Month Plan အသီးသီးရှိကြတယ်။ Banner Ads ကို သေသေ ချာချာ Research လုပ်ပီး ကြော်ငြာတတ်ရင် တော်တော်ထိရောက်တဲ့နည်းလမ်းလေးပါ။ Display Ads ကတော့ တော်တော်များများသိကြပီးဖြစ်မှာပါ Banner Ads နဲ့ သိပ်မကွာဘူး။ ဘာကြောင့်လည်းဆိုတော့ Banner Ads က Display Ads အမျိုးအစားထဲကဖြစ်တယ်။ ဥပမာ Facebook ads ဆိုရင်လည်း Display Ads လို့ခေါ်လို့ရတယ်။ မြန်မာနိုင်ငံမှာ လည်း Display Ads Service Company တွေရှိပါတယ် iMyanmarAds တုိ႔ Mogok Ads တို့ပေါ့။
Web Analytics
Digital Marketers တွေတိုင်း လေ့လာတတ်မြောက်ထားသင့်ပါတယ်။ Web Analytics ဘယ်လို အလုပ်လုပ်သလဲဆို တော့ မိမိ Website – Blog – Facebook page – LinkedIn Page (ကိုသုံးနေတဲ့ Digital Marketing Platforms) အသေးစိတ် ခြေရာခံ ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်းဖြစ်တယ်။ နောက်ပြီး ကို့ရဲ့ Advertising Campaign တွေကိုလည်း Analysis လုပ်လို့ရတယ်…ကို့ရဲ့ Customer ဘယ်ကလာတာလည်း…ဘယ်နိုင်ငံကလည်း…ဘယ်အချိန်လည်း…သူတို့ ကို့ရဲ့ Website Site ရဲ့ဘယ် Page ကိုကြည့်သွားတာလည်း…အချိန်ဘယ်လောက်ကြာအောင်ကြည့်သွားတာလည်း စသည့်ဖြင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်လို့ရတယ်။ Google Analytics နဲ့ Omniture Analytics တို့ကတော့ Digital Marketer လက်စွဲ Analytics Tools တွေဖြစ်ကြတယ်။
Yangon Geek မှကူးယူဖော်ပြပါသည်။
Android OS နဲ့ စမတ်ဖုန်း လောက ထဲကို မကြာမီ ပြန်ဝင်လာတော့မဲ့ Nokia
ကင်မရာနှစ်ခုပါ Huawei P9 နှင့် P9 Plus တို့ဖြင့် Leica ဓါတ်ပုံများရိုက်ကူးနိုင်စွမ်းကို ဂုဏ်ယူလိုက်ပါ။
နဲ့အညီ စျေးနှုန်းလည်းမြင့်မားလှပါတယ်။ မြင့်မားတဲ့ စျေးနှုန်းတွေကြောင့် သုံးစွဲသူတွေက တစ်ခါတစ်ရံ အားမလိုအားမရဖြစ်နိုင်သော်လည်း Leica ရဲ့ ထူးခြားတဲ့အရည်အသွေးတွေက သုံးစွဲသူတွေကို ကင်မရာစျေးနှုန်းကို မေ့နိုင်အောင် လစ်လျူရှုနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။
ဒီ app များက မိမိကိုယ်ရေး အချက်အလက်တွေကို လျို့ဝှက်စွာ ခိုးယူနေတာ

Phone ကိုင်တဲ့ သူတွေ သတိထားရမယ့် အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဆော့ဖ်ဝဲလ်မှ user တွေရဲ့ အီးမေးလ်လိပ်စာနဲ့ device serial number တွေ စုဆောင်း သိမ်းဆည်းနေတာ ရှာဖွေတွေ့ရှိပြီးနောက် ဒီတစ်ပတ်မှာ Apple က app စုစုပေါင်း ၃၀၀ ကို iTunes ကနေ ရှင်းထုတ်ပစ်ခဲ့ပါတယ်။
အဲဒီ app တွေအားလုံးဟာ တရုတ်နိုင်ငံမှာ လုပ်ထားတာဖြစ်ပြီး ကြေငြာကုမ္ပဏီတစ်ခုဖြစ်တဲ့ Youmi ကို app ထဲမှာ ကြော်ငြာဖော်ပြခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီက သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လျို့ဝှက် သိမ်းယူနေတာခဲ့ပါတယ်။ Apple မှ ဒီ app တွေအားလုံး ဖယ်ရှားခဲ့ပေမယ့် developer သစ် တစ်ယောက်ယောက်နဲ့ မကြာခင် restore ပြန်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ သို့သော် လုံခြုံစိတ်ချမှုရှိစေဖို့ အကယ်၍ အောက်ပါ app တွေ သင့်ဖုန်းထဲမှာ ရှိနေသေးပါက uninstall လုပ်ထားသင့်ပါတယ်။
အန္တရာယ်ဖြစ်စေတဲ့ app များ
• air2
• AmHexinForPad
• Angry Birds 2
• baba
• BiaoQingBao
• CamCard
• CamScanner
• CamScanner Lite
• CamScanner Pro
• Card Safe
• China Unicom Mobile Office
• ChinaUnicom3.x
• CITIC Bank move card space
• CSMBP-AppStore
• CuteCUT
• DataMonitor
• Didi Chuxing
• Eyes Wide
• FlappyCircle
• Flush
• Freedom Battle
• golfsense
• golfsensehd
• guaji_gangtai en
• Guitar Master
• High German map
• Himalayan
• Hot stock market
• I called MT
• I called MT 2
• IFlyTek input
• IHexin
• immtdchs
• InstaFollower
• installer
• iOBD2
• iVMS-4500
• Jane book
• jin
• Lazy weekend
• Lifesmart
• Mara Mara
• Marital bed
• Medicine to force
• Mercury
• Micro Channel
• Microblogging camera
• MobileTicket
• MoreLikers2
• MSL070
• MSL108
• Musical.ly
• NetEase
• nice dev
• OPlayer
• OPlayer Lite
• PDFReader
• PDFReader Free
• Perfect365
• Pocket billing
• PocketScanner
• Poor tour
• Quick asked the doctor
• Quick Save
• QYER
• Railway 12306
• SaveSnap
• SegmentFault
• snapgrab copy
• Stocks open class
• SuperJewelsQuest2
• Telephone attribution assistant
• The driver drops
• The Kitchen
• Three new board
• ting
• TinyDeal.com
• Wallpapers10000
• Watercress reading
• WeLoop
• WhiteTile
• WinZip
• WinZip Sector
• WinZip Standard စတာတွေပဲ ဖြစ်ပါတယ်။Credit - Trend Myanmar
Thursday, February 4, 2016
နိုင်ငံခြားသားများနှင့် အလုပ်လုပ်သောအခါ
နိုင်ငံသူနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများလာတဲ့အတွက်အလွန်ပဲဝမ်းမြောက်မိပါ
တယ်။ ဒါပေမယ့်မြင်တွေ့နေရတဲ့ အခက်အခဲတစ်ခုကတော့ နိုင်ငံခြားသား(Foreigners) များရဲ့အလုပ်လုပ်ပုံနဲ့
မြန်မာတို့ရဲ့အလုပ်လုပ်ပုံကွာခြားခြင်းဆိုတဲ့ပြသနာပါပဲ။ မြန်မာတွေကလည်း ဒီကောင်တွေနဲ့အလုပ်လုပ်ရတာ
အရမ်းအာရုံနောက်တယ်၊ ရစ်တယ်တို့ပြောတတ်သလို၊သူတို့ရဲ့မျက်လုံးထဲမှာလည်း ကျွန်တော်တို့တွေကို
အထင်သေးတဲ့အကြည့်တွေကို မြင်ရတတ်ပါတယ်။
ဒါကြောင့် သူတို့နဲ့ဆက်ဆံတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကို ကျွန်တော့်အတွေ့အကြုံပေါ်မူတည်ပြီးအနည်း
ငယ်ဝေမျှချင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ အနောက်နိုင်ငံသားတွေဖြစ်တဲ့အမေရိကန်၊ ဂျာမနီ၊
နယ်သာလန်စတဲ့သူမျိုးတွေရဲ့အလုပ်လုပ်ပုံပေါ်မူတည်ပြီးပြောပြသွားမှာပါ။တရုတ်တွေနဲ့တော့အလုပ်တွဲ
မလုပ်ဖူးပါ၍ ဒီဆောင်းပါးမှာအနောက်နိုင်ငံသားများနှင့်ဆက်ဆံရေးကိုသာအဓိကထားပြီးပြောသွားမှာဖြစ်ပါ
တယ်။
Foreigners များနှင့်စကားပြောသောအခါ ပွင့်လင်းပါ။
ဗျူးထဲကစပွင့်လင်းရမှာပါ။ ဥပမာ သူ့အလုပ်ခေါ်ကြော်ငြာမှာ လစာက ၁၂၀၀၀၀ နဲ့၁၈၀၀၀၀ ကြားဆိုပါစို့။
သင်က(၂)သိန်းလောက်လိုချင်တယ်ဆိုပါစို့။ အင်တာဗျူးလည်း မေးပြီးပြီ။သင့်ကိုလည်း သဘောကျပြီဆိုရင်
သင့်ကိုလစာကိစ္စစဆွေးနွေးတော့မှာပါ။အဲဒိအချိန်မှာတော့သင့်အရည်အချင်းကိုသင်ယုံကြည်ရင် လစာကိစ္စ
ကိုတစ်ခါတည်းဆွေးနွေးပါ။ သင်မပျော်ရွှင်နိုင်လောက်မယ့်လစာမျိုးနဲ့လက်မခံပါနဲ့။ဘယ်အချိန်လောက်မှာ
တိုးပေးနိုင်မလဲဆိုတာပါပွင့်ပွင့်လင်းလင်းမေးပါ။ဘာလို့လစာအကြောင်းပြောရလဲဆိုတော့ဒီပြသနာကအဖြစ်
များလို့ပါ။ ပေးတဲ့လစာနဲ့လုပ်ရတာကမတန်တာတွေလုပ်ရတဲ့အခါ ပြောလို့လည်းမရနောက်ဆုံးစိတ်ညစ်ပြီး
အလုပ်ထွက်သွားတာမျိုးတွေတွေ့ဖူးလို့ပါ။ သင်ဘာလုပ်ရမလဲကို အားမနာတမ်းမေးပါ။သင်လုပ်ရမှာနဲ့သင်ရ
တဲ့ လစာထိုက်တန်မှလက်ခံပါ။ နောက်ပိုင်းမှာ“လုပ်ရတဲ့အလုပ်နဲ့ လစာမတန်ပါဘူးကွာ”လို့ပြောနေလည်း
စိတ်ဆင်းရဲယုံကလွဲပြီးဘာမှလုပ်လို့မရတော့ပါဘူး။ အလုပ်ခွင်ထဲရောက်တဲ့အခါမှာလည်းပွင့်လင်းပါ။သူခိုင်း
တိုင်း ခေါင်းညှိတ်ပြီးလုပ်ဖို့မလိုပါဘူး။ ယုတ္တိမရှိတဲ့အရာများဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ပါးနပ်စွာပြန်တိုင်ပင်
ပါ။ သူတို့ကအဲ့လိုတိုင်ပင်တာကိုကြိုက်ပါတယ်။
တိကျပါ။
တယ်ဆိုတာအရမ်းရှက်ဖို့ကောင်းတဲ့အရာတစ်ခုပါ။ဒါ့ကြောင့်တတ်နိုင်သလောက်နောက်မကျပါစေနဲ့။ရုံးကို
၁၀မိနစ်၁၅မိနစ်စောရောက်လို့ဘာမှမဖြစ်ပါဘူး။ နောက်ကျရင်ကိုယ့်သိက္ခာကိုယ်ချနေသလိုပါပဲ။ တစ်ချို့က
ကားကျပ်လို့နောက်ကျတယ်လို့ဆင်ခြေပေးလေ့ရှိပါတယ်။ ကားကျပ်ရင် အိမ်ကစောထွက်ပါ။ ကားကျပ်တာ
ဆင်ခြေတစ်ခုမဟုတ်ပါဘူး။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော့်နေတဲ့နေရာနဲ့ မိနစ်၂၀ပဲဝေးပါတယ်။ဒါပေမယ့်
ကျွန်တော်မိနစ်(၂၀)လောက်စောပြီးရုံးရောက်အောင်ကြိုးစားပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်ဘာသာ
ကိုယ်ကာကွယ်တာပါ။ သင်အချိန်မှန်ရင်သင့်ကိုသင့်Bossကလေးစားပါတယ်။ အချိန်နဲ့ပက်သက်ပြီးတိကျရုံ
မကအခြားအရာတွေမှာလည်း တိကျပါ။ ဥပမာသင်ကသောကြာနေ့တိုင်း သင့်သူဌေးဆီ အီးမေးလ်ပို့တယ်
ဆိုပါစို့။ အချိန်မှန်အောင် မပျက်မကွက်အောင်ကြိုးစားပါ။
Why? ဆိုတဲ့မေးခွန်းအတွက်အဖြေကိုအမြဲစဉ်းစားထားပါ။
အရာတိုင်းအတွက် ယုတ္တိရှိတဲ့အဖြေတစ်ခုကိုသူတို့အမြဲလိုချင်ပါတယ်။ သင်ကယုတ္တိရှိတဲ့အကြောင်းပြချက်
အမြဲပေးနိုင်ရင်သင့်ကိုယ်သဘောကျလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲWhy? လို့မေးတိုင်း ဘာမှမဖြေတတ်ရင်
တော့ရေရှည်အတွက်မကောင်းပါဘူး။Any questions?Any suggestions? လို့မေးရင် နှုတ်ဆိတ်မနေပါနဲ့။
ချင်တာပါ။အဲ့ဒိအချိန်မှာ မြန်မာအများစုက ပါးစပ်ပိတ်ပြီးဘာမှပြောလေ့မရှိပါဘူး။ဘာလို့လဲဆိုတော့ငယ်ငယ်
လေးထဲကဆရာ၊ဆရာမတွေက မေးခွန်းပြန်မေးရင်မကြိုက်ခဲ့လို့ပါပဲ။အဲ့ဒိပညာရေးစနစ်ကြောင့်ကျွန်တော်တို့
မြန်မာတွေအမြဲတမ်းမေးခွန်းမမေးတတ်ကြပါဘူး။ တကယ်တော့ကိုယ့်Boss ကအကြောင်းအရာတစ်ခုကို
စဆွေးနွေးနေပြီဆိုကတည်းကကိုယ်ကစိတ်ဝင်တစားနားထောင်ရင်မေးခွန်းတွေမေးစရာရှိပါတယ်။ဒါကြောင့်
အကျိုးအကြောင်းဆီလျော်တဲ့မေးခွန်းမျိုးမေးတတ်ပါစေ။သင့်ရဲ့သဘောထားကိုသူတို့ကတလေးတစားမေးတဲ့
အခါမှာ သင့်ရဲ့သဘောထားကိုပွင့်ပွင့်လင်းလင်းပြောပြပါ။
ယဉ်ကျေးပါ။
ပါစေ။တစ်ချို့က အဲ့ဒိ “Of course!”ကိုအရမ်းသုံးကြပါတယ်။ “Of course!”ကိုအသံပြင်းပြင်းနဲ့ အသံထွက်ရင်
ရိုင်းပါတယ်။ဥပမာ နေ့လည်၂နာရီလောက်မှာ သင့်Bossကသင့်ကို“Have you finished your lunch?”လို့
မေးတယ်ဆိုပါစို့။ “Ofcourse!”ကိုအသံပြင်းပြင်းနဲ့အသံထွက်ရင် အဓိပ္ပါယ်က “စားပြီးပြီပေါ့ ဒီအချိန်အထိ
မစားပဲနဲ့ငါကဘာလုပ်နေရာမှာလဲ”ဆိုတဲ့အဓိပ္ပါယ်မျိုးပေါက်ပါတယ်။ကျွန်တော်အတွေ့အများဆုံးအသုံးအနှုန်း
အမှားလေးကို အလျင်းသင့်လို့ရှင်းပြသွားတာပါ။
မနိုင်ဝန်မထမ်းပါနဲ့။
သွားပါလိမ့်မယ်။ ဥပမာသင့်ကတစ်နေ့ကို ဆောင်းပါး ၂ပုဒ်ရေးနိုင်တယ်ဆိုပါစို့။ သင်ကလောဘတကြီးနဲ့ရုံးစ
ရောက်ရောက်ချင်းမှာ ဆောင်းပါး (၅)ပုဒ်လောက်တစ်နေ့တည်း ရေးပြလိုက်တာမျိုး ဆိုရင်တော့ နောက်ပိုင်း
(၅)ပုဒ်ဆိုတာ သင်တစ်နေ့ကိုအနည်းဆုံးရေးရမယ့် အရေအတွက်ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ပါးနပ်ပါစေ။
သင့်ကိုခိုကပ်ပါလို့ပြောတာမဟုတ်ပါဘူး။ သင့်မှာရှိတဲ့ခွန်အားနဲ့ထိုက်တန်တဲ့ဝန်ထုပ်ဝန်ပိုးကိုထမ်းဆောင်ပါ။
တဖြည်းဖြည်းနဲ့ ပိုထမ်းဆောင်နိုင်အောင်ကြိုးစားပါ။ချက်ချင်းကြီး မပါးမနပ်နဲ့ အများကြီးလုပ်ဖို့မလိုပါဘူး။
သင်ယူပါ။
ကျပါလိမ့်မယ်။ မသိရင်မေးပါ။ မသိပဲနဲ့ ရမ်းသမ်းမလုပ်ပါနဲ့။ သူတို့ဆီက သေသေချာချာပြန်မေးပါ။ သေချာမှ
လုပ်ပါ။ သူတို့ဆီကရနိုင်သမျှပညာကိုလေ့လာပါ။
Englishစာတိုးတက်အောင်အမြဲကြိုးစားပါ။
Englishစာမကောင်းသေးလည်း ကြိုးစားဖို့ အချိန်မှီပါသေးတယ်။ တခါတလေ တွေ့နေရတာတွေကတော့
Misunderstanding လို့ခေါ်တဲ့ နားလည်မှုလွဲမှားခြင်းပါပဲ။ ဘာသာစကားအခက်အခဲကြောင့် တခါတလေ
မလိုအပ်တဲ့ အခက်အခဲတွေကိုတွေ့ရတတ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အသုံးဝင်ပါလိ့မ်မယ်။ ထူးချွန်ထက်မြက်ပြီး လစာ
ကောင်းကောင်းရရှိနိုင်သောဝန်ထမ်းများ ဖြစ်ကြပါစေခင်ဗျာ။
Englishစာအမြန်ဆုံး တိုးတက်ရန်နည်းလမ်းများ
Speaking skill မှာတော်ချင်တာလား?အကုန်လုံးတော်ချင်တာလားစဉ်းစားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့
လူငယ်တစ်ယောက်အနေနဲ့ 4 skillsလုံးတော်အောင်ကြိုးစားဖို့အချိန်ရှိပေမယ့်အချို့သောသူတွေအတွက်
တော့Writingမကောင်းရင်နေပါစေ ပြောတတ်ရင်ကျေနပ်ပါပြီဆိုတဲ့သူတွေလည်းရှိပါတယ်။
Speaking and Listening
လုံးဝကို ဆက်စပ်နေလို့ပါပဲ။အသံထွက်မကောင်းတဲ့သူတစ်ယောက်က listeningမကောင်းပါဘူး။
ဘာလို့လဲဆိုတော့ ဥပမာ fool နဲ့ fullကိုအသံထွက်မကွဲတဲ့သူက သတင်းတစ်ခုခုထဲမှာဖြစ်ဖြစ် ဇာတ်ကား
ထဲမှာဖြစ်ဖြစ်fullကိုကြားတဲ့အခါ foolလို့ထင်နိုင်ပါတယ်။ ဒါကဥပမာအသေးလေးပဲဖြစ်ပြီးဖြစ်တတ်တာတွေ
အများကြီးရှိပါတယ်။ ဒီတော့SpeakingရောListeningရောကောင်းချင်ရင်အသံထွက်ကောင်းဖို့လိုလာပါပြီ။
English Pronunciation ကောင်းအောင်ဘယ်လိုလေ့ကျင့်ကြမလဲ
မြန်မာတစ်ယောက်ဖြစ်နေတာကိုဂုဏ်ယူလိုက်ပါ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြန်မာတွေရဲ့သရတွေ
ဗျည်းတွေကEnglishစာလုံးတွေကို အသံထွက်ဖို့တော်တော်လေးကိုစုံလင်လို့ပါပဲ။မှန်ကန်တဲ့နည်းလမ်း
လေးပဲလိုတာပါ။ မြန်မာနိုင်ငံမှာကျွန်တော်သတိထားမိသလောက်ကတော့ Englishစာသင်တန်းတော်
တော်များများက Phoneticsကိုအာရုံမစိုက်ကျပါဘူး။Phonetics သင်တဲ့သင်တန်းတစ်ချို့ကျတော့လည်း
Phonetics ဘယ်လောက်အရေးကြီးကြောင်းကိုမပြောပြကြဘူး။ Englishစကားပြောသင်တန်းတက်နေ
ကြတဲ့ကျောင်းသားအချို့ကို Phoneticsသိလားလို့မေးကြည့်တဲ့အခါကျတော့လည်း မသိဘူးလို့ပဲဖြေကြတာ
ကိုတွေ့ရတယ်။ တော်တော်လေးစိတ်မကောင်းစရာပါပဲ။ တကယ်လို့Grammarက languageတစ်ခုရဲ့
အသည်းနှလုံးဆိုရင် Phonetics ကလဲ Englishကိုsecond language အဖြစ်သင်ယူနေကြတဲ့သူတွေ
အတွက်ကျောက်ကပ်တို့အဆုတ်တို့လောက် အရေးကြီးတဲ့အရာပါ။
ကိုယ့်ဘာသာကိုယ်ဖတ်လိုက်ရင်နားလည်နိုင်ပါတယ်။ ဒါပေမဲ့အဲဒိစာအုပ်လေးတစ်အုပ်ရဲ့အကျိုးကျေးဇူးက
သင့်ရဲ့English pronunciationကို Native Speaker တစ်ယောက်နီးပါးကောင်းသွားနိုင်တယ်။နောက်ပိုင်း
ဘယ်လိုစာလုံးအသစ်တွေ့တွေ့ သင့်ရဲ့မှတ်စုစာအုပ်လေးထဲမှာအဲဒိEnglishစာလုံးနဲ့အတူ Phonetic
Symbolလေးကိုအတူတကွ ရေးမှတ်ထားပါ။ဥပမာ automobile/ˈɔː.tə.məʊ .biːl/ လိုမျိုးပေါ့။
Phoneticsကိုလေ့လာပြီးရလာမည့်အကျိုးကျေးဇူးတွေကတော့ စာလုံးရဲ့ phonetics symbolလေး
တွေ့ရုံနဲ့ဘယ်သူ့ကိုမှမမေးပဲ အသံထွက်အမှန်ကိုထွက်လာနိုင်လိမ့်မယ်။သင်စကားပြောတဲ့အခါ
နိုင်ငံခြားသားတွေတောင်ချီးကျူးပါလိမ့်မယ်။ အရင်တုန်းကသင်မှားခဲ့တဲ့အသံထွက်တွေကိုလည်းပြန်ပြင်ဖို့
လိုပါတယ်။ ကျွန်တော်တို့ငယ်ငယ်ထဲကအသံထွက်အမှားနဲ့ထွက်ခဲ့တဲ့ Englishစာလုံးတွေ အများကြီးရှိ
ပါတယ်။ အဲဒိသိပြီးသားစာလုံးလေး၁၀လုံးလောက်ကို သင့်ရဲ့မှတ်စုစာအုပ်မှာရေး phonetic symbolကို
ပါ အတူတကွရေးပြီးအသံထွက်ကိုပြန်ကျင့်။ နေ့တိုင်း၁၀လုံးလောက်ပဲကျင့်။သင့်အသံထွက် သိသိ
သာသာကိုကောင်းလာလိမ့်မယ်။ ဥပမာfool/fuːl/ , full/fʊl/ ,book/bʊk/ စသဖြင့်ပေါ့။
Grammar
စိုက်လွန်းသူတွေဟာ Englishစကားကောင်းကောင်းပြောနိုင်ဖို့ကြာတာကိုတွေ့ရပါတယ်။ ဒီလိုပြောလိုက်လို့
Grammar အရေးမကြီးဘူးလို့ပြောတာမဟုတ်ပါဘူး။ စကားပြောတဲ့အခါ Grammarမမှန်ရင်လည်း
မကောင်းပါဘူး။Speakingပဲကောင်းချင်တယ်ဆိုရင်တော့Speaking Grammarကိုပဲလေ့လာပါ။
Speaking Grammarဆိုတာက စကားပြောရာမှာ အများဆုံးသုံးလေ့ရှိတဲ့Grammar Structureတွေကို
ပြောတာပါ။
Study and Practice
Languageကိုအလေးထားပါ။ စာမေးပွဲဖြေဖို့အတွက်၊အင်တာဗျူးအောင်ဖို့အတွက်၊အပျော်သက်သက်
အတွက် Englishမသင်ပါနဲ့။ဘဝအတွက် Englishစာကိုသင်ပါ။ သင်ဘဝအတွက်နေ့စဉ်လိုအပ်တဲ့ရေ
သောက်သလိုEnglishကိုနေ့တိုင်းအချိန်နည်းနည်းလေးဖြစ်ဖြစ်လေ့လာပါ။ စာအုပ်ဖတ်ခြင်း၊ English
သီချင်းနားထောင်ခြင်းဖြင့်လည်း Englishစာကိုလေ့လာလို့ရပါတယ်။ English movieကြည့်ရင်းနဲ့လည်း
listeningကျင့်လို့ရပါတယ်။ မှန်ရှေ့မှာတစ်ယောက်ထဲပြောလို့ရပါတယ်။English သီချင်းတွေလိုက်ဆိုလို့
လည်းရပါတယ်။
Reading and Writing
လောဘတွေကြီးပြီးတော့ လမ်းဘေးစာအုပ်ဆိုင်ကတွေ့တဲ့ Englishအချစ်ဝတ္ထုကြီးတွေ မဖတ်သင့်သေး
ပါဘူး။ သင်ကအခုမှ စဖတ်တာဆိုရင်တော့ပုံပြင်စာအုပ်လေးတွေ၊ bilingual စာအုပ်တွေ ( မြန်မာလိုရော
Englishလိုရောရေးထားသောစာအုပ်) တွေအရင်စဖတ်သင့်ပါတယ်။ ဒါပေမဲ့ bilingualစာအုပ်တွေ
ဖတ်တာကိုတော့ အားသိပ်မပေးချင်ပါဘူး။ဘာလို့လဲဆိုတော့လူတော်တော်များများကမြန်မာလိုအရင်စ
ဖတ်ပါတယ်။ သူတို့စိတ်ထဲမှာတော့မြန်မာလိုဖတ်ပြီးရင် Englishလိုပြန်ဖတ်မယ်ပေါ့။ဒါပေမဲ့ ဘယ်တော့မှ
Englishလို မဖတ်ဖြစ်တော့ပါဘူး။ဒါကြောင့်သင်စိတ်မထိန်းနိုင်ရင် ထိုကဲ့သို့သော bilingual စာအုပ်တွေ
ဝယ်မဖတ်ပါနဲ့လို့အကြံပေးချင်ပါတယ်။ ဖြစ်နိုင်ရင် Englishလိုရေးထားတဲ့ စာအုပ်ကိုသာဖတ်ပါ။လွယ်ကူတဲ့
စာလုံးတွေနဲ့သာရေးထားတဲ့ စာအုပ်တွေရှိပါတယ်။British Councilစာကြည့်တိုက်မှာလည်း member
ဝင်ထားဖို့ အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ British Council စာကြည့်တိုက်မှာက သင့်levelနှင့်
ကိုက်ညီသောစာအုပ်များကိုအလွယ်တကူရှာဖွေနိုင်ပါတယ်။ ကိုယ့်levelနှင့်မကိုက်ညီတဲ့ စာအုပ်တွေကို
ဖတ်မိရင် သင်စိတ်ဓာတ်ကျလာပါလိမ့်မယ်။တဖြည်းဖြည်းနဲ့စာဖတ်ချင်စိတ်ပါကုန်သွားပါလိမ့်မယ်။ ဒါကြောင့်
သင့်တော်သောစာအုပ်ကိုသာဖတ်ပါ။Writing Skillအတွက်ကတော့ သင်စာရေးဖို့မပျင်းမှတိုးတက်မှာပါ။
စာကဘာအတွက်ရေးမှာလဲဆိုတာအရေးကြီးပါတယ်။ အီးမေးလ်လား၊ဆောင်းပါးလား၊ စာစီစာကုံးလား
စသဖြင့်ပေါ့။စာဖတ်အားကောင်းခြင်းက စာရေးရာမှာအထောက်အကူပြုပါတယ်။စာရေးဖို့အတွက်ကတော့
writingအတွက်သီးသန့်ထုတ်ထားတဲ့ စာအုပ်တွေဖတ်သင့်ပါတယ်။အွန်လိုင်းမှာလည်းအလွယ်တကူရှာ
ဖွေနိုင်ပါတယ်။
English Dictionary
Mobile Phoneတွေမှာလည်း Dictionaryကောင်းကောင်းတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့
Oxford Advanced Learner’s Dictionary ကိုသုံးဖို့ပဲအကြံပေးချင်ပါတယ်။ Dictionaryထဲမှာစာလုံးတွေ
ရှာဖွေဖို့မပျင်းပါနဲ့။ဒါပေမဲ့ပုံပြင်စာအုပ်တစ်အုပ်ဖတ်နေချိန်မှာတော့ စာလုံးတွေခဏခဏရှာနေရင်
ဖတ်လို့ကောင်းမှာမဟုတ်ပါဘူး။ နားမလည်တဲ့စာလုံးတစ်ခုတွေ့တိုင်းမရှာပါနဲ့။ မဖြစ်မနေအဲဒိစာလုံးကို
မသိရင်ဆက်ဖတ်လို့မရတော့ဘူးဆိုမှသာရှာပါ။ ဒါပေမဲ့မသိတဲ့စာလုံးတိုင်းကိုတော့မျဉ်းတားခဲ့ပါ။ ပုံပြင်
ဖတ်လို့ပြီးသွားရင် ထိုစာလုံးတွေကိုပြန်ရှာပါ။ပြန်လေ့လာပါ။ စကားပြောမှာအခွင့်အရေးကြုံတဲ့အခါ
ထိုစာလုံးများကိုပြန်သုံးပါ။စာရေးတဲ့အခါမှာ ပြန်သုံးပါ။ အဲဒါမှ မှတ်မိမှာပါ။ မသုံးရင်ဘယ်လောက်
က်က္က်က္မမွတ္မိပါဘူး။
Body Language and Intonation
တဲ့သူတွေရဲ့စကားကို နားထောင်ရတာအတော်ပဲငြီးငွေ့စရာကောင်းပါတယ်။ တောင့်တောင့်ကြီးနဲ့ကြည့်ရ
တာ ဘယ်လိုမှအဆင်မပြေပါဘူး။ပုခုံးလှုပ်သင့်တဲ့အခါလှုပ်မယ်၊ မျက်ခုံးပင့်သင့်တဲ့အခါပင့်မယ်၊ လက်တွေ
လှုပ်သင့်တဲ့အခါလှုပ်မယ်။ ဒါမှသင်စကားပြောတာက အသက်ဝင်နေမှာပါ။ ပြီးတော့အသံအနိမ့်
အမြင့်(intonation)ကလည်း အရမ်းအရေးကြီးပါတယ်။ ဥပမာ….‘I have a black dog.(ငါ့မှာခွေး
တစ်ကောင်ရှိတယ်ဆိုပေမယ့် Iပေါ်မှာအသံကိုဖိထားတဲ့အတွက် ခွေးကိုပိုင်တာငါပါ အခြားသူမဟုတ်ဘူး
လို့ဆိုလိုတာပါ။) I have ‘a black dog.(ငါမှာခွေးတစ်ကောင်ရှိတယ်ဆိုပေမယ့် a ပေါ်မှာအသံကိုဖိထား
တဲ့အတွက် ငါ့မှာရှိတာခွေးကတစ်ကောင်တည်းနှစ်ကောင်မဟုတ်ဘူး သုံးကောင်မဟုတ်ဘူးလို့ဆိုလိုချင်
တာပါ) ဝါကျတစ်ကြောင်းတည်းပေမယ့်အသံအနိမ့်အမြင့်ကွာတာနဲ့ ဆိုလိုရင်းကွာသွားပါတယ်။ body
languageနဲ့ intonationကိုလေ့လာဖို့အကောင်းဆုံးကတော့ Moviesကြည့်ခြင်းပါပဲ။Englishကောင်းချင်ရင်
Moviesကြည့်ပါ။Moviesကြည့်ချင်းအားဖြင့် body language,intonation,speaking,listening,
knowledgeတွေ တိုးတက်နိုင်ပါတယ်။
မိုးရှင်း (I.M.T)