Digital Marketing ဆိုတာ တစ်နည်းအားဖြင့် Internet Marketing (သို့) Online Marketing (သို့) IT နည်းပညာဖြင့်စျေးကွက်ထိုးဖေါက်ခြင်း (သို့) ၂၁ ရာစု ခေတ်သစ်စျေးကွက်ရှာဖွေထိုးဖေါက်ခြင်း စနစ်လို့ လည်းခေါ်ကြတယ်။ နိုင်ငံခြားမှာသုံးနေတာ ၁ဝ စုနှစ် ၂ ခုကျော်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံ မှာတော့ Digital Marketing ဟာ ၂ဝ၁၅ ခုနှစ် လောက်ကစပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာတွေ့ရတယ်။
ဘယ်လိုအလုပ်မျိုးလဲဆိုတော့ Digital Marketing က Traditional Marketing နဲ့ မတူဘူး ပိုက်ဆံ အများကြီး သုံးပီးဂျာနယ်တွေ သတင်းစာတွေ TV program တွေ Billboard တွေ လက်ကမ်းစာစောင်တွေ မှာကြာ်ငြာ စရာ လည်းမလိုဘူး၊ တနေကုန် နေရာတကာ လျောက်သွားပြီး Marketing ဆင်းနေစရာမလိုဘူး ၊ လျှာညောင်းနေအောင် စကားပြောစရာလည်းမလိုဘူး Computer နဲ့ Internet ရှိရင် အလုပ်လုပ်လို့ရတယ်။
Digital Marketing ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့
Website and Blog
Search Engine Optimization (SEO)
Search Engine Marketing (SEM)
Social Media Optimization (SMO)
Social Media Marketing (SMM)
Content Marketing
Email Marketing
Online Advertising
Web Analytics
စတဲ့ Digital Marketing Methods တွေနဲ့ဖွဲ့စည်းထားတယ်။ Digital Marketing နယ်ပယ်မှာ ဝင်လုပ်ဖို့ အဲ့တာတွေ အကုန် နားလည် တတ်မြောက်ထားစရာမလိုပါဘူး။ Digital Marketing မှာလည်းသူ့ Sector နဲ့သူရှိပါတယ်။
Search Engine Optimization and Marketing (SEO / SEM)
Social Media Optimization and Marketing (SMO / SMM)
Online Advertising
Content Marketing
Email Marketing
စတဲ့အပိုင်း ၅ ပိုင်းရှိတယ်။ အဲ့ဒီ ၅ မျိုးမှာ ကိုယ်က ၁ မျိုးဘဲ Specialist တတ်ထားတယ်ဆိုရင် လည်း ရတယ်။ သို့မဟုတ် အကုန်လုံး တတ်မြောက်ထားမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကို့အတွက် အလုပ်လုပ်တဲ့ အခါ Chance ပိုများပြီး ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။
ပြီးတော့ အပေါ်က Digital Marketing မှာပါတဲ့ အချက်တွေနဲ့ Sectors တွေကိုအောက်မှာ အသေးစိတ် ပြန်ရှင်းပြထားတယ်…
Website and Blog
Digital Marketing မှာတော့ အရေးကြီးဆုံး ၊ အရေးပါဆုံးလို့ပြောလို့ရတယ်။ Website နဲ့ Blog တွေဟာ မရှိမဖြစ်တွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က Internet မှာ စျေးကွက်ရှာဖွေထိုးဖေါက်တော့မယ်ဆို ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ဝန်ဆောင်မှုတွေ ဟာလဲ Internet ပေါ်မှာရှိနေဖို့လိုပါတယ်။ Internet ပေါ်မှာ စက်ရုံဆောက်ရမယ်လို့ပြောတာမဟုတ်ပါဘူး မိမိတို့ရဲ့ လုပ်ငန်းအကြောင်းတွေကို Internet ပေါ်မှာ Website (သို့) Blog ရေးခြင်း လုပ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းတွေဖေါ်ပြထားရမယ် ဘာလုပ်တယ် ဘယ်လိုလုပ်တယ်ဆို တာကအစ အသေးစိတ်လုပ်ထားရမယ်။ ဒါမှဘဲ ပြည်တွင်း ပြည်ပ က New Customer တွေက ကို့ရဲ့လုပ်ငန်း အကြောင်းကို ကိုယ့်ရဲ့စက်ရုံ (သို့) ရုံးခန်း သို့လာစရာမလိုဘဲ Internet ပေါ်မှာတင် လွယ်လွယ် ကူကူ ဝင်ရောက် ရှာဖွေ ချိတ်ဆက်နိုင်မှာဖြစ်တယ်။
Search Engine Optimization and Marketing (SEO / SEM)
SEO / SEM လည်းပဲ Digital Marketing မှာ အရေးကြီးတဲ့ Sector တစ်ခု အဖြစ်ပါဝင်နေတယ်။ Search Engine Optimization ဆိုတဲ့အတိုင်း SEO ဟာ မိမိတို့လိုချင်တဲ့ Keywords (သို့) Search Engine တွေရဲ့ Search Box မှာ ရိုက်ပီးရှာတဲ့ စကားစု တွေကိုရှာလိုက်ရင် ကို့ရဲ့ Website Page – Blog Page တွေကို အပေါ် ထိပ်ဆုံးရောက်အောင် တွန်းပို့ လုပ်ဆောင်တဲ့လုပ်ငန်းဖြစ်တယ်။ အဲလို ကို့ရဲ့ Website – Blog ကအပေါ်ဆုံးမှာရှိနေရင် ရှာတဲ့လူက အလွယ်တကူ ကို့ရဲ့Website – Blog ကိုလွယ်လွယ်ကူကူ မြင်နိုင်တာပေါ့။ ဘာကြောင့် အဲ့လိုလုပ်ရတာလဲဆိုတော့ Google, Bing, Yahoo etc., စတဲ့ Search Engine တွေမှာ တစ်နေ့ ကို Search လုပ်တဲ့အကြိမ်အရေအတွက်ပေါင်း Billion နဲ့ချီပီး ရှာဖွေကြတယ် အဲ့ဒီအထဲမှာ သင့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ဟာတွေလည်း အများကြီးပါတယ်။ ကို့ရဲ့ Website – Blog ကအပေါ်ဆုံးကိုရောက်နေရင် ကို Customers များများရဖို့ Chance ပိုများတာပေါ့။
နောက်တစ်ခုက Search Engine Marketing (SEM) ကဘာလဲဆိုတော့ သူက SEO နဲ့ Pay Per Click (PPC) ခေါ် ပိုက်ဆံပေးပြီးတော့ Search Engine (Google, Bing, Yahoo) တွေမှာ ကြော်ငြာတဲ့ နည်းလမ်းတွေပါဝင်တယ်။ SEO ကအပေါ်မှာရှင်းပြထားပီးဖြစ်တယ်။ SEM ကို PPC လို့ခေါ်ရင်ပိုမှန်မယ်ထင်တယ်။ SEM မှာ PPC Role ကဘာလုပ်လဲ ဆိုရင် Search Engine တွေမှာ လူတွေ Search လုပ်ကြတဲ့ Keywords တွေ (သို့) သင်ကြိုက်နှစ်သက်တဲ့ Keywords တွေကို ပိုက်ဆံပေးပြီး ကြော်ငြာလုပ်ခြင်းဖြစ်တယ်။ PPC က မိမိ Website page – Blog page ကို SEO လုပ်စရာ မလိုဘဲ ပိုက်ဆံပေးပြီး Searh Engine တွေရဲ့ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာ ကြော်ငြာ ခြင်း ဖြစ်တယ်။ ကြော်ငြာက ထိပ်ဆုံး (သို့) ဘေးဘက် (သို့) အောက်ခြေ တွေမှာပေါ်တာတွေက ကြော်ငြာအတွက် မိမိတို့ သုံးတဲ့ ပိုက်ဆံပေါ်မူတည်တယ်။
Social Media Optimization and Marketing (SMO / SMM)
Micro Blog ခေါ် Social Media လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တယ်။ Digital Marketing မှာ SMO / SMM တို့ကလည်း မရှိမဖြစ်ပါ။ ဘာကြောင့်လည်းဆိုတော့ Social Media တွေကိုလူတိုင်းနီးပါး သုံးနေကြပါပြီ။ ထို့ကြောင့် အဲ့လို လူတိုင်းနီးပါးအသုံးပြုနေကြတဲ့ Social Media တွေမှာ Marketing လုပ်ဖို့ဆိုတာ လွယ်လည်း လွယ်ကူသလို ROI (Return on Investment) ကလည်း တော်တော်အခြေအနေကောင်းတယ်လို့ပြောရမယ်။ Digital Marketing အတွက်ကတော့ မရှိမဖြစ်ထဲကတစ်ခုပေါ့။ Digital Marketers တွေအများဆုံး အသုံးပြုကြတဲ့ ဟာတွေကတော့
1. Facebook (All in One)
2. Google Plus (All in One)
3. Twitter (All in One)
4. LinkedIn (Business)
5. Pinterest (Photo)
6. Flickr (Photo)
7. Youtube (Video)
တို့ဖြစ်ကြတယ်။ တကယ်တန်းချရေးမယ်ဆို အများကြီးရှိပါတယ်။ အခု ၇ မျိုးကတော့ Influence ဖြစ်တဲ့ Social Media တွေဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင် Facebook နဲ့ Youtube ကတော့အကောင်းဆုံးပေါ့။ ကဲ့ဟုတ်ပီ ဘယ်လို SMO / SMM လုပ်မှာလည်းဆိုတော့ Social Media အများစုက Free ဖြစ်တယ်၊ အသုံးပြုရလွယ်ကူတယ်။ ဘယ်လို Marketing လုပ်ကြမလဲဆိုရင် Website – Blog တွေလိုဘဲ မိမိ လုပ်ငန်းတွေအတွက် Business Page တွေ တည်ဆောက်ထားဖို့လိုမယ်။ တည်ဆောက်ထားရုံနဲ့မပြီးဘူး Profile image – Cover image – Description – Contact – Link တွေကိုထည့်ပြီး Optimization တွေလုပ်ရမယ်။ ပြီးရင် ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ Contents တွေ Post တွေ တင်ထားမယ် ပြီးရင် တစ်ပါတ် ၂ ခါ ၃ ခါလောက် ကို့ လုပ်ငန်းအကြောင်းကို Pitch Post အဖြစ်ထည့်ရေးရမယ်။ အဲ့လိုလွယ်လွယ်ကူကူ Social Media တွေမှာ Marketing လုပ်လို့ရတယ်။ နောက်ပြီးတော့ ပိုက်ဆံ နည်းနည်း သုံးပြီး Target Customer များများ ကို ရောက်ရှိစေနိုင်တာကလည်း Social Media တွေရဲ့ အဓိကအားထားစရာ ဖြစ်နေတယ်။ တကယ်လို့ Social Media Specilist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ Facebook, Youtube မှမဟုတ်ဘူး ကျန်တဲ့ Social Network sites တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည် အသုံးပြု တတ်ဖို့လိုမယ်။
Content Marketing
Content Marketing ကလည်း Digital Marketing ထဲက Sector တစ်ခုပါဝင်ပါတယ်။ Content Marketing ဟာသူ တစ်ခုထဲ ရပ်တည်လို့မရဘူး Website , Blog , Social Media တွေနဲ့ တွဲသုံးရမှာဖြစ်တယ်။ Content Marketing လို့ ဆိုရာတွင် Articles , Photos , Document , Video , PDF , Text , Audio စတဲ့ Materials တွေပါဝင်ပါတယ်။ ဘယ်လို အလုပ် လုပ်လဲဆိုတော့ အရင်ဆုံး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက် သက်ဆိုင်တဲ့ Contents တွေကို ဖန်တီးရမယ်။ အဲ့လိုဖန်တီးရာမှာလည်း ဖြစ်သလို လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Digital Marketing မှာ Contents Effect ဟာ အရမ်း Influence ဖြစ်တယ် အရေးပါတယ်။ Digital Marketer အများစုဟာ သူတို့ရဲ့ အလုပ်ရဲ့အချိန် ထက်ဝက်ကို Contents ဖန်တီးဖို့ အသုံးပြုလေ့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ Contents ဟာ အလွန် အရေးကြီးမှန်း သူတို့သိတာကိုးဗျ။ အဲ့တာကြောင့် Contents ကို ဖန်တီးရာမှာ Quantity ထက် Quality ရှိဖို့ အရေးကြီးတယ်။ Articles ဆိုလည်း ဖြစ်သလို မရေးဘဲ သေသေချာချာ ရေးရမယ်။ ထို့အတူဘဲ Photos , Document , Video , PDF , Presentation ဖန်တီးရာမှာ ဖြစ်သလိုမဟုတ်ဘဲ Unique ဖြစ်စေဖို့ ကောင်းကောင်း မွန်မွန် သေသေချာချာ Create လုပ်ဖို့ လိုတယ်။ Contents တွေ Create လုပ်ပြီးသွားရင် ကျွန်တော်တို့ စပြီး Promote လုပ်ဖို့ ဘာလုပ်ရမလည်းဆိုရင် နီးစပ်ရာသူငယ်ချင်းတွေ ကို ပြန် Share မယ်၊ ကို့ရဲ့အသိမိတ်ဆွေထဲက Web ပေါ်မှာ Influence ဖြစ်တဲ့ သူတွေကတစ်ဆင့် Share ရမယ်။ ပီးရင် Content အလိုက် ဆိုင်ရာဆိုင်ရာ Social Media တွေမှာလိုက် Promote လုပ်ရမယ်။ ဥပမာ Video ဆိုရင် Youtube , DailyMotion စတဲ့ Video Social Media တွေမှာ Promote လုပ်ရမယ်။ Presentation ဆိုရင် SlideShare , SlideShow စတဲ့ Presentation Social Media တွေမှာ Promote လုပ်ရမယ်။ အဲ့တာတွေကို Content Marketing လုပ်ခြင်းလို့ခေါ်တယ်။
Email Marketing
Email Marketing ကိုလည်း Digital Marketer တွေတော်တော်များများ အသုံးပြုကြတယ်။ တကယ်တမ်း သုံးတတ် ရင် တော်တော်ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီးတော့ ကို့ရဲ့ လုပ်ငန်းအကြောင်းကို Pitch လုပ်ဖို့အကောင်းဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ Email Marketing ဘယ်လို အလုပ်လုပ်လဲ…??? Email လို့ဆိုလိုက်တာနဲ့ လူတော်တော် များများသိကြပြီးဖြစ်မှာပါ…ဟုတ်ပီ အဲ့တာဆို ဘယ်လို Marketing လုပ်မလဲဆိုတော့ လွယ်လွယ်လေးပါ ကိုယ့် Email Account လေးဖွင့် ကိုပို့ချင်တဲ့စာလေးရေး ပီးရင်ပို့လိုက်ရုံပေါ့။ အဲ့လိုလုပ်ရတာတော့ မှန်ပါတယ်…ဒါပေမဲ့ Email တစ်စောင် နှစ်စောင်ဆိုရင် အဆင်ပြေတာပေါ့ဗျ ကျွန်တော်တို့က Email Marketing လုပ်တာဆိုတော့ Email အစောင် ရာ နဲ့ ထောင် နဲ့ ချီပီး ပို့ရတာဗျ။ အဲ့လို ၁ စောင်ခြင်းလိုက်ပို့နေရင် တစ်နေကုန်သွားမှာပေါ့။ Email အစောင်အများကြီးကို တပြိုင်ထဲဘယ်လိုပို့မလဲဆိုရင် SendGrid , Aweber , GetResponse , MailChimp စတဲ့ Email Marketing Tools တွေကျွန်တော်တို့သုံးဖို့လိုတယ်။ အဲ့တာဆိုကျွန်တော်တို့ ၁ဝဝဝ ပို့မလား ၁ဝဝဝဝ ပို့မလား ကြိုက်သလောက်ပို့လို့ရပြီ။ နောက်တစ်ခု အဲ့လို Email Marketing လုပ်ဖို့အတွက် ထောင် နဲ့ သောင်း နဲ့ ချီတဲ့ Email တွေက ဘယ်ကရမလဲ…??? Marketers တွေ Bloggers တွေဟာ သူတို့ Website – Blog တွေမှာ Email Subscribe Form ကတဆင့် Email တွေစုကြတယ်။ နောက်ပြီး Online ပေါ်မှာ Email တွေ ဝယ်ရောင်းလုပ်တဲ့ Service Website တွေကလည်း ဝယ်လို့ရနိုင်တယ်။ နောက်တစ်ခုက ကိုယ်နဲ့ Industry တူတဲ့ Company တွေနဲ့ Email Exchange လုပ်လို့လဲရနိုင်တယ်။ နောက်ဆုံးတစ်ခုက Online မှာ Email Address တွေ Data Mining လုပ်တဲ့ Tools တွေလည်းရှိတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ကိုယ်နဲ့ Industry တူတဲ့ Website – Blog – Company တွေနဲ့ Email Exchange လုပ်ခြင်း၊ ပီးတော့ ကိုယ့်ရဲ့ Website – Blog တွေမှာ Email Subscribe Form ထားပြီး Email စုတာကတော့ အကောင်းဆုံးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာကိုယ့်ရဲ့ Customer ဖြစ်နိုင်ဖို့ Chance ပိုများတယ်။
Online Advertising
Advertising ဆိုတာနဲ့ လူတော်တော်များများ သိပြီးသားပါ။ Internet ပေါ်မျာ ကြော်ငြာခြင်းဖြစ်တယ်။ Offline နဲ့တော့မတူဘူးဗျ။ Offline Marketing လို Billboard , NewsPaper , journal , Flyer , TV Ads , Radio Ads တွေမှာ လိုက်ကြော်ငြာရမှာမဟုတ်ဘူး။ Online (Internet) ပေါ်မျာ ကြော်ငြာရမှာ အဲ့တာကြောင့် Internet ကို ကောင်းကောင်း အသုံးပြုတတ်ရင်ရပြီ။ ဘယ်နေရာမှာ ဘယ်လိုကြောင်ငြာမှာလဲ…??? ကြော်ငြာတဲ့နည်းလမ်းတွေ ကတော့ အများကြီးရှိတယ် PPC (Pay Per Click) , Banners , Display ဆိုပီးတော့အစားစားရှိတယ်။ PPC (Pay Per Click) ဆိုတာ ဥပမာပြောရရင် Google Adwords ပေါ့။ ကျွန်တော်တို့ Google မှာ တစ်ခုခု ရှာလိုက်ရင် အပါ် (သို့) ဘေး (သို့) အောက် တွေမှာ Ads ဆိုပီး အဝါ စာလုံးလေးနဲ့ ပြထားတာတွေတွေ့ရမှာပါ အဲ့တာ Google PPC Advertising ကြော်ငြာတွေပဲဖြစ်တယ်။ အဲ့ကြော်ငြာတွေက ဒီတိုင်း Display ပြနေတာလောက်နဲ့ ပိုက်ဆံ မကုန်ဘူး။ Click နှိပ်လိုက်မှ ပိုက်ဆံကုန်တယ်။ Click နှိပ်လိုက်ရုံနဲ့ မဟုတ်ဘူး Click နှိပ်ပြီးရင် URL bar မှာသူတို့ Code တွေ Run ပီး ကြော်ငြာထားတဲ့ Web page ကိုရောက်မှ ပိုက်ဆံပေးရတာ။ အဲ့တာကြောင့် Pay Per Click (PPC) လို့ခေါ်တာ။ အဲ့လို ကိုကြော်ငြာထားတဲ့ Web page ကိုရောက်လာတဲ့ Click အကြိမ် ဘယ်လောက်လည်း ကျသလောက်ရှင်းရုံပဲ။ Effective လည်းဖြစ်တယ်။ နောက်တစ်ခုက Banner Ads ကိုဘယ်လို ကြော်ငြာရမလဲ ဆိုရင် Internet ပေါ်မှာ ကိုယ်နဲ့ Industry တူတဲ့ Website – Blog တွေမှာ သူတို့နဲ့ ချိတ်ဆက်ပီး ကြော်ငြာခြင်းဘဲဖြစ်တယ်။ ဘယ်လိုဟာတွေကို Banner Ads လို့ခေါ်လည်းဆိုတော့ Website – Blog တစ်ခုမှာ ထိပ်ဆီး (သို့) ခါးလယ် (သို့) အောက်ခြေတွေမှာ ပေါ်တဲ့ Display Ads size အကြီးကြီးတွေကို Banner Ads လို့ခေါ်တယ်။ စျေးနှုန်းတွေကတော့ သူတို့သတ်မှတ်ထားတဲ့ အတိုင်း 1 Week Plan , 1 Month Plan အသီးသီးရှိကြတယ်။ Banner Ads ကို သေသေ ချာချာ Research လုပ်ပီး ကြော်ငြာတတ်ရင် တော်တော်ထိရောက်တဲ့နည်းလမ်းလေးပါ။ Display Ads ကတော့ တော်တော်များများသိကြပီးဖြစ်မှာပါ Banner Ads နဲ့ သိပ်မကွာဘူး။ ဘာကြောင့်လည်းဆိုတော့ Banner Ads က Display Ads အမျိုးအစားထဲကဖြစ်တယ်။ ဥပမာ Facebook ads ဆိုရင်လည်း Display Ads လို့ခေါ်လို့ရတယ်။ မြန်မာနိုင်ငံမှာ လည်း Display Ads Service Company တွေရှိပါတယ် iMyanmarAds တုိ႔ Mogok Ads တို့ပေါ့။
Web Analytics
Digital Marketers တွေတိုင်း လေ့လာတတ်မြောက်ထားသင့်ပါတယ်။ Web Analytics ဘယ်လို အလုပ်လုပ်သလဲဆို တော့ မိမိ Website – Blog – Facebook page – LinkedIn Page (ကိုသုံးနေတဲ့ Digital Marketing Platforms) အသေးစိတ် ခြေရာခံ ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်းဖြစ်တယ်။ နောက်ပြီး ကို့ရဲ့ Advertising Campaign တွေကိုလည်း Analysis လုပ်လို့ရတယ်…ကို့ရဲ့ Customer ဘယ်ကလာတာလည်း…ဘယ်နိုင်ငံကလည်း…ဘယ်အချိန်လည်း…သူတို့ ကို့ရဲ့ Website Site ရဲ့ဘယ် Page ကိုကြည့်သွားတာလည်း…အချိန်ဘယ်လောက်ကြာအောင်ကြည့်သွားတာလည်း စသည့်ဖြင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်လို့ရတယ်။ Google Analytics နဲ့ Omniture Analytics တို့ကတော့ Digital Marketer လက်စွဲ Analytics Tools တွေဖြစ်ကြတယ်။
Yangon Geek မှကူးယူဖော်ပြပါသည်။